News

POST TYPE

ARTICLE

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် သွားမည်
ရန်ကုန်၊ မတ် ၂၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများသို့ မတ်လ ၂၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ သွားရောက်၍ စစ်ဘေးရှောင်စခန်းများ၊ ဒေသခံများ၊ ပြည်နယ်အစိုးရအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောကြားသည်။

“အတိုင်ပင်ခံ ကချင်ပြည်နယ်ကို လာမှာပါ။ စစ်ရှောင်စခန်းတွေကို သွားမယ်။ ဒေသခံတွေနဲ့ တွေ့မယ်။ အသေးစိတ်တော့ ထုတ်ပြန်ပေးလို့ မရဘူး။ နယ်မြေလုံခြုံရေးအရ ဖြစ်နေလို့ပါ” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ပြောသည်။

အလားတူ ပြည်သူ့လွှတ်တော် ဥက္က| ဦးဝင်းမြင့်သည် မတ်လ ၂၅ ရက်က မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး အင်ဂျန်ဒုန် ကချင်နှစ်ခြင်း အသင်းတော် ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်များကို ကျပ်သိန်း ၃၀၀ အပါအဝင် ဆန်နှင့် အခြေခံပစ္စည်းများ လှူဒါန်းခဲ့သည်။


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်စဉ်က တစ်ကြိမ် ရောက်ရှိခဲ့ပြီးနောက် ယခုခရီးစဉ်သည် ၎င်း၏ ဒုတိယမြောက်ခရီးစဉ် ဖြစ်သည်။

J-07