POST TYPE

ARTICLE

ဂျူးကလေးပေါင်း နှစ်ထောင့်ငါးရာကျော်ကို ကယ်ခဲ့သူ
08-Jan-2017 tagged as

အိုင်ရီနာဆန်ဒလာသည် ၁၉၁၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သွားရှာပြီ ဖြစ်သော ပိုလန်နိုင်ငံမှ သူနာပြုဆရာမကြီးတစ်ဦး ဖြစ်သည်။ နာဇီများက ဝါဆောမြို့တော်ကို သိမ်းပိုက်လိုက်သောအခါ ပိုလန်မြေအောက်အဖွဲ့အစည်း၏ လူသားချင်းစာနာမှုဆိုင်ရာ ဌာနတွင် လျှို့ဝှက်ပြီး အများအကျိုးဆောင်နေခဲ့သူ ဖြစ်သည်။ ကလေးများဆိုင်ရာ ဌာနကို ဦး ဆောင်ခဲ့သည်။ သူ့လက်တွဲဖက်များနှင့်အတူ အိုင်ရီနာဆန်ဒလာသည် ဝါဆောမြို့ ဂျူးဂတ်တိုထဲမှ ကလေးထောင်ပေါင်း များစွာကို ပိုလန်ရပ်ကွက်များအတွင်း ခိုးထုတ်သွားကာ  သန်းခေါင်စာရင်း လက်မှတ်အတုများဖြင့် ပိုလန်ဟန် ဖန်တီးပေးထား ပြီး ရအောင်ကယ်ဆယ်ခဲ့သူ ဖြစ်သည်။ ထိုကလေးများ သေကံမရောက် သက်မပျောက်ခဲ့ပါပေ။  

နောက်ပိုင်းတွင် ဆရာမကြီး၏ ထိုသို့ လုပ်ရပ်များကို နာဇီဂတ် စတာပိုများက ဖော်ထုတ်သိရှိသွားခဲ့သည်။ သူမကို သေဒဏ်ပေးသည်။ စစ်ကြီးပြီးသော် သေဒဏ်က လွတ်သွားခဲ့သည်။ မိမိအသက်ကို ပဓာနမထားဘဲ လူမျိုးရေးမခွဲခြား ကယ်တင်စောင့်ရှောက်သူ၏ လုပ်ရပ်ကား အံ့ချီးဖွယ်ပေတည်း။

  • TAGS