News

POST TYPE

ARTICLE

အာဇာနည် ကျောင်းဆရာမ
08-Jan-2017 tagged as အာဇာနည်

အမေရိကန်ပြည်ထောင်စု ကွန်နတ်တီကပ်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက  စိတ်ရူးပေါက်နေသော သေနတ်သမားသည်  ဆန်ဒီဟွတ်ခ် မူလတန်းကျောင်းထဲသို့ ဝင်လာခဲ့သည်။ စာသင်ခန်းတစ်ခန်းကို ဝင်ပြီး  ကလေးငယ်လေးတွေကို သေနတ်ဖြင့် ရူးရူးသွပ်သွပ် ပစ်သတ်ခဲ့သည်။ ဒါကိုတစ်ဖက်ခန်းက ဆရာမ ဗစ်တိုးရီးယား အယ်ဆိုတိုက ကြားလိုက်သည်။ ပြေးလို့ကလည်း မလွတ်တော့။ ကလေးများကို အတန်းက ဗီရိုထဲတွင် ထည့်ပြီး ဝှက်ထားသည်။ သေနတ်သမား အရူးက ဝင်လာတော့ ကလေးများအား ကစားခန်း သွားနေသည်ဟု ပြောလိုက်သည်။ ထွက်ပြေးသော ကလေးများကို သေနတ်သမားက ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်။  ဂရိတ်ဝမ်း ကျောင်းသားလေးတစ်ဦးရှေ့မှ ဝင်ကာလိုက်ရင်း ဆရာမဆိုတိုကို သေနတ်မှန်သွားတယ်။ ပွာတိုရီကန်သွေးနှော ဆရာမသည် မိမိအသက်ကို မငဲ့ဘဲ တပည့်လေးများ ကို ကယ်တင်ခဲ့သူ ဖြစ်ပါသည်။ ဆရာမ၏ အာဇာနည်လုပ်ရပ်နှင့် သတ္တိကြောင့် သေနတ်ထိန်းချုပ်ရေး ဆွေးနွေးမှုများ အမေရိကန် နိုင်ငံရေး လောကတွင် ညံသွားခဲ့ပါသည်။