News

POST TYPE

ARTICLE

ကလေးကျွန်ဘဝမှသည် ကယ်တင်ရှင် အဖြစ်သို့
08-Jan-2017 tagged as ကလေး ကျွန်

အစ်ကဘယ်မာစီသည် သူ့မိသားစုက ကြွေးမဆပ်နိုင်သဖြင့် ကော်ဇောစက်ရုံတစ်ရုံက အကြွေးနဲ့ သိမ်းပြီး အခိုင်းခံရသော ကျွန်အဖြစ် အသက် ၄ နှစ် အရွယ်တွင် ရောက်ရှိခဲ့ပါသည်။ အရွယ်နှင့် ဘယ်လိုမှ မလိုက်သော ပိုးစိုးပက်စက် ကျေးကျွန်ပြု ခိုင်းစေမှုများကို လုပ်ကိုင်ရသည်။ သူ့လိုပင် သိန်းချီသော ကလေးကျွန်များ ပါကစ္စတန်တွင် ထိုအချိန်ကာလက ရှိနေခဲ့ပါသည်။ ကျွန်စနစ်ကို ပါကစ္စတန်တွင် ဖျက်သိမ်းလိုက်ပြီ ဆိုတာကို သိတော့ သူထွက်ပြေးသည်။ မိသွားသည်။ အရိုက်ခံရသည်။ သူ့ကိုယ်အလေးချိန်သည် ၂၀ ကီလို ဂရမ်ခန့်သာ ရှိအောင် ယုတ်လျော့ဖျော့တော့ ခဲ့ရသည်။ သူအားမလျှော့ပါ။ နောက်တစ်ကြိမ် ထွက်ပြေးသည်။ ဒီတစ်ခါတော့ ကလေးကျွန် ဖြစ်ခဲ့ဖူးသူများကို စောင့်ရှောက်သူများ လက်ရောက်အောင် ပြေးသည်။ လွတ်သွားခဲ့သည်။ ၄ နှစ်ကြာအောင် တက်ရသော ကျောင်းကို ၂ နှစ်တည်းနှင့် ကြိုးစားပမ်းစား သင်ယူစာကြိုးစားခဲ့သည်။ ကျောင်းတက်နေစဉ် ကာလအတွင်း ပါကစ္စတန်တွင် ငွေဝယ်ကျွန်စနစ် ပပျောက်ရေး လှုပ်ရှားမှုများကို ရှေ့ဆုံးမှ ဦးဆောင်ပါဝင်ခဲ့သည်။ ၎င်းတို့လှုပ်ရှားမှုကြောင့် ငွေဝယ်ကျွန်ပေါင်းများစွာ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။ ၁၂ နှစ်သား အရွယ်တွင် မသမာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီး အစ်ကဘယ်မာစီကို လုပ်ကြံ၍ ကွယ်လွန်ခဲ့ရပါသည်။