POST TYPE

ARTICLE

HIV ရှိသူများ လုပ်ငန်းခွင် ခွဲခြားဆက်ဆံခံရမှုများ ရှိဆဲဟုဆို
16-Dec-2016 tagged as ရန်ကုန် HIV

ရန်ကုန်၊ဒီဇင်ဘာ၁၆

HIV ရှိသူများအနေဖြင့် ရောဂါစရှိသည့်အချိန်မှစ၍ ခွဲခြားဆက်ဆံခံရမှုများ ရှိခဲ့ရာလုပ်ငန်းခွင် ၀င်ရောက်ရာတွင်လည်း ခွဲခြားဆက်ဆံခံရမှုများ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံအိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအသင်း (MPG)၏ အကြီးတန်းစီမံကိန်းအရာရှိ ဦးမင်းစန်းထွန်းက ပြောကြားသည်။

ယနေ့ ရန်ကုန်မြို့၊ Central Hotel တွင် ပြုလုပ်သည့် ၂၀၁၆နိုဝင်ဘာလတွင်းက ပြုလုပ်ခဲ့သည့် အိပ်ခ်ျအိုင်ဗွီနှင့် အသက်ရှင်နေထိုင်သူများ လူထုတွေ့ဆုံပွဲ (၂၀၁၆) က ထုတ်ပြန်ခဲ့သည့် သဘောထား ထုတ်ပြန်ချက်ကို မီဒီယာများထံ အသိပေးသည့် အခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။

လုပ်ငန်းခွင်ဝင်ခြင်း၊ အလုပ်လုပ်ကိုင်စဉ်အတွင်းနှင့် နိုင်ငံခြားသို့စေလွှတ်ရာတို့တွင် သွေးစစ်နေခြင်းကြောင့ှ်ုံဠ ရှိသူများမှာ လုပ်ငန်းခွင်ဝင်ရန် ခက်ခဲနေကြောင်းလည်း Alliance in Myanmar က Executive Director ဒေါက်တာစိုးနိုင်က ဖြည့်စွက်ပြောကြားသည်။

 “MPG ကို တိုက်ရိုက်ချိတ်ဆက် အကြံဥာဏ်တောင်းတဲ့သူတွေလည်း ရှိပါတယ်။လာမယ့်၂၀၁၇မှာ ဏြွ အဖွဲ့တွေက ဖြစ်နေတဲ့ လုပ်ငန်းရှင်ဆီ တိုက်ရိုက်တွေ့မယ်။ ဌာနဆိုင်ရာတွေနဲ့ တွေ့ပြီး အကူအညီပေးနိုင်အောင် ဆောင်ရွက်သွားမယ် ” ဟု MPG ၏ ဥက္ကဌ ဦးသော်တာထွန်းက ဆိုသည်။

ယင်းအပြင် HIV ရှိသူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပေးသည့် ကျန်းမာရေး ၀န်ဆောင်မှုများကို ရယူရာတွင်လည်း အခက်အခဲများ ရှိနေသေးကြောင်း မြန်မာနိုင်ငံအိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအသင်း၏ အကြီးတန်းစီမံကိန်းအရာရှိ ဦးမင်းစန်းထွန်းက ထပ်လောင်းပြောကြားသည်။

HIV ရှိသူများ၏ လိုအပ်နေမှုများနှင့် တောင်းဆိုချက်များကို ဖော်ပြထားသည့် စာရွက်စာတမ်းများကို အများပြည်သူနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို အသိပေးသွားမည်ဖြစ်ပြီး ယင်းသို့အသိပေးခြင်းကို ယခုနှစ်တွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအသင်းထံမှ သိရသည်။၂၀၁၀ခုနှစ်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအသင်း၏ စစ်တမ်းတစ်ခုအရ လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရမှုမှာ ၁၀ရာခိုင်နှုန်းကျော်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။