News

POST TYPE

ARTICLE

ဆောင်းဥတုမှာ သင့်နှလုံးကို ကျန်းမာစေမယ့် အာဟာရ ၅ မျိုး
05-Jan-2020


ရာသီဥတုကတော့ မြန်ပြည်တစ်ဝန်းမှာ ခပ်ကြမ်းကြမ်းလေး အေးနေပါတော့တယ်။ အေးစက်တဲ့ ရာသီဥတုဟာ သင့်နှလုံး ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် အရေးကြီးလှတဲ့ ဒီကိုယ်တွင်းအင်္ဂါရဲ့ ကျန်းမာရေးအတွက် ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ နှလုံးကို ကာကွယ်ဖို့ရာ သင့်ရဲ့ နေ့စဉ်အာဟာရထဲမှာ နှလုံးအတွက် ကောင်းမွန်အကျိုးပြုတဲ့ အစားအသောက်တွေကို ပါဝင်စေခြင်းပဲ ဖြစ်ပါတယ်။ ကံအားလျော်စွာပဲ ဒီလိုမျိုး နှလုံးအတွက်ကောင်းတဲ့ အာဟာရတွေဟာ ဈေးကွက်ထဲမှာ လွယ်လင့်တကူ ရနိုင်ပါတယ်။ ဒီလိုမျိုး ရာသီအလိုက် သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သင့်နှလုံးကို ကျန်းမာစေသလို တခြားရောဂါတွေ မဝင်အောင်လည်း တားဆီးပေးပါတယ်။ ကိုယ်ခံအားကို ကောင်းမွန်စေပြီး တစ်ကိုယ်ရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ 

ဒိန်ချဉ်

ဆောင်းတွင်းရဲ့ နေ့စဉ်အာဟာရရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒိန်ချဉ်ကို အမြဲထည့်ပေးပါ။ သူ့ထဲမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ပရိုဘိုင်အိုတစ်တွေ ပါဝင်ပါတယ်။ အဆိုပါ ဓာတ်များက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အစာချေခြင်းနဲ့ ပျမ်းမျှကျန်းမာခြင်းကိုလည်း အကူအညီဖြစ်စေပါတယ်။ 

အစိမ်းရောင်အရွက်များ
ဆောင်းရာသီမှာ အစိမ်းရောင်အရွက်တွေ လှိုင်လှိုင်ထွက်ပါတယ်။ သင့်ရဲ့ အာဟာရထဲမှာ ဖိုလိတ်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်ဆီယမ်တွေ ကြွယ်ဝစေဖို့ ဒါတွေ ထည့်ပေးပါ။ သူတို့ဟာ ကယ်လိုရီနိမ့်တဲ့ အစာအာဟာရတွေဖြစ်ပြီး သွေးထဲက ကိုလက်ထရော အဆင့်ကိုလည်း ချပေးပါတယ်။ 

ပဲများ
သူတို့မှာ အမျှင်ဓာတ်တွေ အများကြီးကြွယ်ဝစွာ ပါဝင်ပါတယ်။ သွေးကြောတွေကို သန့်ရှင်းပေးပြီးတော့ ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ ဒါတွေဟာ နှလုံးကိုအကျိုးပြုတဲ့ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ 

ခရမ်းချဉ်သီးများ
ခရမ်းချဉ်သီးမှာ လိုက်ကိုပင်း နဲ့ ဗိုက်တာမင်စီတို့ ပါဝင်ပါတယ်။ အဆိုပါ ဓာတ်များဟာ သွေးလွှတ်ကြောတွေကို ကာကွယ်ပေးပြီး သွေးကြောတွေ ထိခိုက်ခြင်းမှ သက်သာစေပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ အမျှင်ဓာတ်တွေဟာ သွေးခဲလေးတွေ ဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးကြောပိတ်နိုင်ခြေရှိခြင်းကို လျှော့ချပေးပါသတဲ့။ 

ရာသီပေါ်ငါးများ
ငါးဟာ အားလုံးသိကြတဲ့အတိုင်း အိုမီဂါသရီး ပါဝင်တာမို့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဆောင်းတွင်းကာလမှာ ငါးကို ပိုစားပေးရပါမယ်။ ငါးမှာပါတဲ့ အဆီဓာတ်ဟာ ဆောင်းရာသီအတွက် လိုအပ်တဲ့ ကိုယ်ခံအားမြှင့်တင် စေသလို နှလုံးအတွက်ကောင်းတဲ့ အဆီဖြစ်ပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါရခြင်းတို့ကို အကာအကွယ်ပေးပါသတဲ့။ 
ကျန်းမာပျော်ရွှင်ကြပါစေ

 ဆရာဆေး



  • VIA