News

POST TYPE

ARTICLE

ကျိုက်မရော ရေကြီးမှုမြင်ကွင်း (Daily, Vol-7/No-128)
08-Sep-2019
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဩဂုတ်လ ၉ ရက်က မလတ်တောင်ပြိုကျမှုကြောင့် လူပေါင်း ၇၀ ကျော်သေဆုံးခဲ့ပြီး  ၂ ရက်အကြာတွင် ရေးနှင့် ကျိုက်မရောမြို့နယ်များ၌ ရုတ်တရက် ရေကြီးမှုများကြောင့်ဒေသခံပြည်သူများမှာ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာကုန်းမြင့်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ တိမ်းရှောင်ခဲ့ရပါသည်။ ကျုက်မရောမြို့နယ်တွင်ရေကြီးပြီးနောက် မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းနေခြင်း မြစ်ရေမြင့်တက်ခြင်းများကြောင့် ရေကြီးမှုဘေးအန္တရာယ်ကို စက်တင်ဘာလ ပထမပတ်တိုင်အောင်ပင် ရက်ပေါင်းများစွာ တွေ့ကြုံလျက်ရှိရာ အဆိုပါဒေသများ၏ မြင်ကွင်းပုံရိပ်အချို့ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

ဓာတ်ပုံ - အောင်နေမျိုး