News

POST TYPE

ARTICLE

ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း
08-Sep-2019


(၁)

ဥရောပကောင်စီအနေနှင့် မိမိတို့၏အဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီအရေးကို ဦးစားပေး ရှေ့တန်းတင်လိုစေကြပါသည်။ ဗြိတိန်ကဲ့သို့သော ဒီမိုကရေစီအခြေကျနေပြီးသားနိုင်ငံအတွက် ဘယ်သော အခါမှ စိုးရိမ်ခဲ့ရသည်ဟု မရှိခဲ့ဘူးပါ။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Mr. Boris Johnson) က ယခုအခါပါလီမန်ကို စက်တင်ဘာလ ၉ ရက်မှ အစပြု၍ ၅ ပတ်မျှ အနားပေးရန် စီစဉ်လိုက်သောအခါ ဥရောပကောင်စီမှ ခေါင်းဆောင်များသည်လည်း ဘာမျှမတတ်နိုင် စိတ်ပျက်လက်ပျက်သာ ကြည့်နေရပါတော့သည်။

(၂)

မစ္စတာဂျွန်ဆင်၏ပါလီမန်ကို ဖျက်သိမ်းရန်လုပ်ရပ်မှာ သူ၏ ပါလီမန်ကိုသာမက မိမိနိုင်ငံ၏ဘေးမှ စောင့်ကြည့်နေကြသော မိတ်ဆွေနိုင်ငံများကိုလည်း အံ့အားသင့်စေခဲ့ပါသည်။ ဂျွန်ဆင်အနေနှင့် ဗြိတိန်ကို ဥရောပယူနီယံမှထွက်ခွာရေး Brexit အတွက် မည်မျှအလေးထားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါသည်။

ဥရောပကောင်စီအနေနှင့် ဟန်ဂေရီနှင့်ပိုလန်နိုင်ငံတို့တွင် ဒီမိုကရေစီ မကျသော လုပ်ရပ်များအတွက် စိတ်ပျက်နေရချိန်တွင် ဗြိတိန်နိုင်ငံက ဤသို့ပြုမှုလိုက်ခြင်းအတွက် မယုံကြည်နိုင်ဖြစ်ကြရပါသည်။ မြို့တော် ဘရပ်ဆဲလ် Brussels နှင့် ဥရောပကောင်စီတစ်ခုလုံးသည် တစ်ခါတစ်ရံ ဒီမိုကရေစီမကျသော လုပ်နည်းလုပ်ဟန်များကို တွေ့နေကြရာ ယခုအခါ လန်ဒန်ကပါ ဤသို့လုပ်လိုက်သဖြင့် ဒီမိုကရေစီနှင့်ပတ်သက်၍များစွာ အကြပ်ရိုက်နေကြပါပြီဟု ဘရပ်ဆဲလ်သုတေသနမှ မစ္စတာဝုဖ် Mr.Grahan Wolf က ပြောဆိုလိုက်ပါသည်။

အကယ်စဉ်စစ် မစ္စတာဂျွန်ဆင်သည် သဘောတူညီချက်မရှိဘဲ ဥရောပကောင်စီမှထွက်ခွာသွားလိုခြင်းမဟုတ်ပါ။ သင့်တင့်မျှတမှုရှိသော သဘောတူညီချက်တစ်ခုကိုသာ ပါလီမန်က အတည်ပြုပေးစေချင်သည်။ သို့မဟုတ် အောက်တိုဘာ ၃၁ ရက်တွင်မူ သဘောတူညီချက်ရှိရှိ၊ မရှိရှိ၊ ဥရောပယူနီယံမှ ထွက်ခွာမည်ဖြစ်သည်။

အကယ်စင်စစ် သူ၏ဥရောပယူနီယံမှ ထွက်ခွာခြင်းကိစ္စများတွင် ညှိနှိုင်းသူ မစ္စတာဒေးဗစ်ဖရော့ Mr David Frost အား ဆွေးနွေးမှုများကို အပြင်းအထန် လုပ်နေခဲ့ပါသည်။ အကယ်၍ ဗြိတိန်ထွက်ခွာပြီးလျှင် မြောက်ပိုင်းနိုင်ငံ အိုင်ယာလန်နှင့် အိုင်ယာလန်သမ္မတနိုင်ငံ Ireland Republic တို့အကြား နယ်ခြားမျဉ်းသတ်မှတ်ရေးဆိုင်ရာ အခက်အခဲများကို ကြေလည်စေရန် ဆောင်ရွက်ရန်လိုသည်။ အကယ်၍ နယ်နိမိတ်မရှိခဲ့ပါက အိုင်ယာလန်သဘောတူညီမူကို ထိခိုက်ဖွယ်ရှိနေသည်။ ယခုလက်ရှိအနေ အထားမှာ ဥရောပကပ်စတန်ယူနီယံအနေနှင့် ဘော်ဒါမရှိ ကုန်ပစ္စည်းများမှာ ဥဒဟိုဖြတ်သန်းနေသည်။

ဂျာမနီ ချန်ဆဲလာ မာကယ်လ်ကဲ့သို့သော ခေါင်းဆောင်များက နယ်နိမိတ်ကို လက်တွေ့ကျကျဆောင်ရွက်ရန်ကိစ္စကို ပြီးစီးသွားစေလိုသည်။ သို့သော် တကယ်တမ်း ထိုပြဿနာများမှာ အခက်အခဲတွေ အများကြီးရှိနိုင်သည်။ ထိုအတောအတွင်း လန်ဒန်နှင့် ဘရပ်ဆဲလ်တို့ သဘောတူညီမှုမရရှိဘဲ ထွက်ခွာသွားရေးအတွက် များစွာခရီးရောက်နေပြီ၊ ထွက်ခွာခြင်းမှဖြစ်ပေါ်လာမည့် Shock Wave များကို ဒဏ်ခံနိုင်ရန် အသင့်ရှိနေပြီဆိုသော သက်များလည်းထွက်ပေါ်နေသည်။ ရုတ်တရက် ထွက်ခွာမှုကြောင့် နှစ်ဘက်လုံးတွင် စီးပွားရေးဆိုင်ရာကိစ္စများတွင် အနှောင့်အယှက်များ တွေ့ရနိုင်ပြီး ဗြိတိန်အဖို့ နစ်နာပါသည်။

အောက်တိုဘာလလယ်ပိုင်းတွင် ဥရောပကောင်စီစည်းဝေးပွဲရှိရာ ထိုအချိန်တွင် မစ္စတာဂျွန်ဆင်၌ ဘော်ဒါဆိုင်ရာသဘောတူညီမှုတစ်ခုခုရရှိပြီး ဖြစ်ရပေမည်။ သူ့အရင် ဝန်ကြီးချုပ်ထရီဇာမေလက်ထက်က ဥရောပ ယူနီယံနှင့် သဘောတူညီချက် ၃ ကြိမ်ရရှိခဲ့ရာ သုံးကြိမ်စလုံး ပါလီမန်က ပယ်ချခဲ့သည်။

ဥရောပကောင်စီအတွက်မှု သူ၏အဖွဲ့ဝင်နိုင်ငံဆိုင်ရာ ခေါင်းဆောင်များကသာ ဗြိတိန်နှင့်သဘောတူစာချုပ်ကို ပြင်ဆင်ခြင်းပြုနိုင်ကြပြီးနောက် ရေရှည်ဆက်ဆံရေးနှင့်ပတ်သက်၍လည်း ၎င်းတို့ကသာ သဘောတူညီချက်ကို ပြန်လည်ရေးနိုင်ကြသည်။ 

ယနေ့လက်ရှိအခြေအနေများအရ လာမည့်နှစ်လအတွင်း အောက်ပါအတိုင်း ခြောက်မျိုးဖြစ်နိုင်ပါသည်။

(၁) ပါလီမန်မှ တာဝန်ယူခြင်း

ပါလီမန်အမတ်များသည် ယေဘူလျအားဖြင့် ဗြိတိန်ကောင်စီမှ ထွက်ခြင်းကို သဘောမတူကြပါ။ အထူးသဖြင့်သဘောတူညီမှုမရှိဘဲ စာချုပ်မှအပြီးအပိုင် မထွက်ခွာလိုကြပါ။ ဂျွန်ဆင်အနေနှင့် ပါလီမန်ကို ၅ ပါတ်မျှ ဖျက်သိမ်းခြင်းသည် ပြဿနာကို ခက်ခဲအောင်လုပ်ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့လုပ်ခြင်းကြောင့် ပါလီမန်ကို ပို၍ညီညွှတ်စေသည်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဆွင်ဆန် Jo Swinson က “ပါလီမန်က လျှို့ဝှက်သောလုပ်ငန်း Arcane တွေလုပ်ဆောင်လာနိုင်တယ်”ဟု ဆိုသည်။ ဘာအလုပ်များဆိုသည်ကို ပြောဆိုခြင်းမရှိ။

(၂) ပါလီမန်မှ နောက်ဆုံးလုပ်ဆောင်စရာကို လုပ်ခြင်း

နောက်ဆုံးပါလီမန်မှလုပ်စရာကုန်သွားလျှင် အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုကိုတင်သွင်းနိုင်ပါသည်။ ဤသို့ဖြင့် ဘောရစ်ဂျွန်ဆင် အစိုးရကို ပြုတ်ကျသွားအောင် ဆောင်ရွက်နိုင်သည်။ ယခုအချိန်ထိတော့ ဤသို့လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိပုံမရပါ။ သူတို့ဤသို့လုပ်လျှင်လည်း ပြဿနာသည်ဖြေရှင်းသွားမည်မဟုတ်ပါ။

ဥပဒေအရ ဝန်ကြီးချုပ်အသစ်ကို နှစ်ပတ်အတွင်း ရွေးချယ်ရန်ရှိသည်။ သို့မဟုတ် အထွေထွေရွေးကောက်ပွဲကျင်းပပေးရမည်။ သို့မဟုတ် ယာယီအစိုးရဖွဲ့ပြီး ၎င်းက ဗြိတိသျှကောင်စီမှထွက်ခွာရန် ရက်ကို နှောင့်နှေးပေးပါရန် တောင်းဆိုနိုင်သည်။ ပြဿနာမှာ အတိုက်အခံလေဘာခေါင်းဆောင် ကိုဘင်(JaremyCorbyn) မှာ တစ်သက်လုံး ဗြိတိသျှကောင်စီကို ဝေဖန်လာခဲ့ပြီး လက်ဝဲယိမ်းလွန်းသည်ဟုယူဆကြသည်။ အခြားခေါင်းဆောင်များရှိသော်လည်း မစ္စတာကိုဘင်က နေရာဖယ်ပေးရမည်ဖြစ်သည်။ အယုံအကြည်မရှိကြောင်းအဆိုမှာ ၎င်း၏အကူအညီမပါဘဲ တင်သွင်း၍မရပါ။

ဘောရစ်ဂျွန်ဆင်တွင် ရာထူးမှနုတ်ထွက်ပေးရန် ငြင်းဆိုပိုင်ခွင့် ရှိပြန်သည်။ သူ၏လက်ထောက်များက ဤအကြောင်းကို အထပ်ထပ်ပြောနေကြသည်။ ငြင်းပယ်ပြီးလျင် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကိုကျင်းပပေးရန် လိုသည်။ ထိုအချိန်မတိုင်မီ ယူနီယံမှထွက်ခွာ ပေးရပေမည်။ ဒဏ်ရာများစွာကျန်ရစ်မည်ဆိုသော်လည်း မဖြစ်နိုင်စရာမရှိပါချေ။ 

(၃) ရွေးကောက်ပွဲကျင်းပခြင်း

ပါလီမန်က ဥပဒေကိုလျင်မြန်စွာ ပြင်ဆင်နိုင်၍ ၎င်းတို့ကို Suspend မလုပ်မီ သဘောတူညီမှုမရှိဘဲ ယူနီယံမှမထွက်ခွာရ No deal Brexit ဆိုသည်ကို ဥပဒေပြုနိုင်သည်။ ဂျွန်ဆင်က ၎င်းတို့ကိုသာလွန်ပြီး Snapelection အထွေထွေရွေးကောက်ပွဲ ခေါ်ယူနိုင်သည်။ ၎င်းသည် အန္တရာယ်အလွန်များပြီး အထူးသဖြင့်ထောက်ခံသူအနေနှင့် ပါလီမန်တွင် (Working Majority)  အနေနှင့် အမတ်နေရာတစ်နေရာသာ ရှိရာ ဂျွန်ဆင်အဖို့ ဧရာမစွန့်စားပွဲကြီးဖြစ်နေသည်။ ဂျွန်ဆင်အနေနှင့် ပြည်သူများဘက်က ရပ်တည်ပေးပြီး ဗြိတိန်ကောင်စီမှမထွက်ချင်သည့် ပါလီမန်ကို တိုက်ဖျက်သည့် ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲဝင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပပြီး အနိုင်ရခဲ့ပါက ယူနီယံသို့ တာဝန် Mendate အသစ်ဖြင့် သွားရောက်ရမည်ဖြစ်သည်။ 

သို့ပါသော်လည်း အခက်အခဲက ရှိနေပြန်သည်။ ရွေးကောက်ပွဲခေါ်ရန် အတွက် ပါလီမန်၏ ၂/၃ သောမဲများကို ရရမည်ဖြစ်၏။ အတိုက်အခံတို့၏ မဲများလည်းလိုသည်။ အတိုက်အခံတို့ကလည်း ရွေးကောက်ပွဲတော့ လုပ်ချင်ပါ၏။ သို့သော်လည်း မြန်မြန်ဆန်ဆန်ကြီး မဲထည့်ဖို့တော့ စဉ်းစားရဦးမည်။ မစ္စတာဂျွန်ဆင်ကလည်း ယူနီယံမှထွက်ခွာရန်အထိ ဆွဲထားလိုပေလိမ့်မည်။

(၄) သဘောတူညီချက်ဖြင့် ယူနီယံမှ ထွက်ခွာခြင်း

မည်သူမျှတော့ ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ပါ။ ပါလီမန်က ၃ ကြိမ်တိုင်တိုင် ထရီဇာမေလက်ထက်က ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ ယူနီယံကလည်း ထပ်မံညှိနှိုင်းရန် ငြင်းပယ်နေသည်။ တစ်ခုရှိသည်မှာ အောက်တိုဘာ ၁၇/၁၈ တွင် ယူနီယံခေါင်းဆောင်များ တွေ့ဆုံဘို့ရှိရာ ၎င်းမှ အဖြေတစ်ခုခု ထွက်လာနိုင်သည်။ ဂျွန်ဆင်အနေနှင့့်ယူနီယံခေါင်းဆောင်များ၊ ပါလီမန်အမတ်များခေါ်၍ အကျပ်ကိုင်ကာ သဘောတူနိုင်မည့် နည်းတစ်နည်းကိုပြ၍ ယူနီယံမှထွက်ခွာနိုင်သည်။ အကြောင်းမူ တစ်ဖက်က သဘောတူညီချက်မရဘဲ ထွက်ခွာရမလိုဖြစ်နေသောကြောင့်ပင်။

(၅) ဘဘောတူညီချက်မရှိဘဲ ထွက်ခွာခြင်း

ဂျွန်ဆင်က သဘောတူညီချက်မရှိဘဲ ထွက်ခွာရေးကိုစိုင်းပြင်း ဆောင်ရွက်နေသလို တကယ်လည်း ထွက်ခွာချင်နေဟန်တူသည်။ ဥရောပကောင်စီမှ မလျော့ပါက ပါလီမန်၏အချိန်ကန့်သတ်ချက်များအရ သဘောတူညီမှုတစ်စုံတစ်ရာမရှိဘဲ ထွက်ခွာသွားနိုင်ပါသည်။ ထိုသို့လုပ်ခြင်းဖြင့် ဂျွန်ဆင်က မိမိနှင့်နောက်လိုက်များကို ၂၀၁၉/၂၀၂၀ တစ်ချိန်ချိန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအချိန်ထိ စည်းရုံးထားနိုင်ပါလိမ့်မည်။ ပြောစရာတစ်ခုရှိသည်မှာ သဘောတူညီချက်မရဘဲ ထွက်ခွာမှုကြောင့် စီးပွားရေးအရ တစ်စုံတစ်ခုအကြီး အကျယ်ဖြစ်ခဲ့ပါက ရွေးကောက်ပွဲတွင် မနိုင်နိုင်ဘဲ ဖြစ်သွားနိုင်ပါသည်။

(၆) တရားရုံးမှ ဆုံးဖြတ်ခြင်း

ယူနီယံမှထွက်ခွာရန် စကားစတင်ပြောချိန်က မီလာ Ms Gina Miller ဆိုသူ မထွက်ခွာရေး ဆော်ဩသူက ထိုစဉ်ကဝန်ကြီးချုပ်မစ္စစ်မေ၏ ပါလီမန်ကို ဂရုမစိုက်ဘဲ By pass ကျော်ဖြတ်ရန် အစီအစဉ်ကို တရားရုံးတော်မှကန့်ကွက်ခဲ့ဖူးသည်။ သူက ယခုလည်း ထပ်မံ၍ ရုံးတော်မှ ဂျွန်ဆင်၏လုပ်ရပ်ကို ကန့်ကွက်ပါလိမ့်မည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာကလည်း တတ်နိုင်သမျှကူညီမည်ဟု ကမ်းလှမ်းသည်။

တရားရုံးက ပါလီမန်အမတ် ၇၅ ဦးက တင်သွင်းသော ဂျွန်ဆင်၏ လုပ်ရပ်ကို တားမြစ်ပေးရန် အဆိုပြုချက်ကို ပယ်ချသည်။ သူက ဤအမူနှင့် ပတ်သက်၍ လိုအပ်သောအချက်အလက်များကို ကြားနာရန် နောက်အပတ်ကို ရက်ချိန်းပေးသည်။

(၃)

ဂျွန်ဆင်အနေနှင့် အယုံအကြည်မရှိအဆိုကို ရှုံးနိမ့်သည့်တိုင် ရာထူးမှထွက်မပေးဘဲ နေနိုင်သည်။ ထိုအခါ တရားရုံးသို့ရောက်ကြရဦးမည်။ ထိုအခါ ပါလီမန်ထဲသို့ ဥပဒေပြုရန် ရောက်ရှိနေသူများက မဆုံးဖြတ်ရဘဲ တရားသူကြီးများက ဆုံးဖြတ်သည်ကို နာခံကြရပေလိမ့်မည်။

Ref: What's Next for Brexit? Six Possible Outcome. By Stephen Castle New York Times Aug 30 2019