News

POST TYPE

ARTICLE

ကျွန်းလှမြို့ဟောင်း (Daily, Vol-7/No-122)
01-Sep-2019
အရှေ့တောင်အာရှ၌ အကြီးဆုံး ရေလှောင်တမံများတွင် ပါဝင်သော သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်ခဲ့မှုကြောင့် ကျွန်းလှမြို့ အပါအဝင် ကျေးရွာ ၇၀ ကျော်မှာ ရေအောက်သို့ ရောက်ရှိခဲ့သည်။ ယခုနှစ်တွင် စံချိန်တင် ရေကျဆင်းမှုကြောင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ရေအောက်ရောက်ရှိခဲ့သော ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာအချို့ ဩဂုတ်လနှောင်းပိုင်းတွင် ရေအောက်မှ ပြန်လည်ပေါ်ထွက်ခဲ့ရာ ဒေသခံတို့က အလွမ်းပြေ သွားရောက်ကြည့်ရှုနေသော မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - မောင်ရဲနွေ

ကျွန်းလှမြို့နယ် ရွာသီကျေးရွာစေတီ ဆည်ဆောက်ရာတွင် ပါဝင်သဖြင့် အစားထိုး တည်ဆောက်ပေးထားသည့် ဘုရားရုပ်ပွားတော်ထားရာ ကျောင်းဆောင်ကိုလည်း ထင်ထင်ရှားရှား တွေ့ရမည်။

မြို့အနောက်တောင်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းမုခ်ဦးနှင့် ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံ နေရာဟောင်းများပြန်ပေါ်လာသည်။

လှေကားခုံတစ်ခု ပြန်ပေါ်လာသည်။

ရေကန်လေးတစ်ခုကလည်း ရှိနေသေးသည်။

ကျွန်းလှမြို့ မရွှေ့ပြောင်းစဉ်က အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးပြုသော “လုပ်သား”အမှတ်တံဆိပ် အုတ်အမျိုးအစားဟု ကျွန်းလှဒေသခံများက ပြောသည်။ ရေကျချိန်တွင် ပြန်လည်တွေ့ရစဉ်။

သဖန်းဆိပ်ရေလှောင်တမံ ရေပိုလွှဲနေရာ ဖြစ်သည်။ ရေကျချိန်ဖြစ်၍ ရေလွှဲစရာမရှိဖြစ်၍နေလေသည်။

မြို့သင်္ချိုင်းနေရာမှ အုတ်ဂူဟောင်းတစ်လုံး။

သဖန်းဆိပ် ရေလှောင်တမံကနေ လျှပ်စစ်ထုတ်သည့်စက်ရုံ။ ခုတော့ စက်သုံးလုံးရှိသော်လည်း နှစ်လုံးသာ လည်နေရသည်။

ရေအောက်မှ ပြန်ပေါ်လာသည့်သစ်ပင်များ။

ကျွန်းလှမြို့ မရွှေ့ပြောင်းမီ ၂ နှစ်ကျော်က ဆောက်လုပ်ခဲ့သော အဆောက်အအုံတစ်လုံးမှ လှေကားအုတ်ခုံ။