News

POST TYPE

ARTICLE

မီးသတ်တပ်ဖွဲ့နေ့ ကျိုင်းတုံတွင် နေအိမ်တစ်လုံးမီးလောင်
05-May-2019

ကျိုင်းတုံ၊ မေ ၅

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်သော ယနေ့ (မေလ ၅ ရက်) နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက် ပေါက်တိုက်ရပ်တွင် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း ကျိုင်းတုံခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။

“မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမကျင်းပခင် အချိန်မှာလောင်လို့ တော်သေးတယ်။ တယ်လီဖုန်းအားသွင်းရင်းကနေ ပလပ်ခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ခဲ့တာပါ။လူနဲ့တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိသလို ဘေးအိမ်တွေကိုလည်း မီးမကူးစက်ခဲ့ပါဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ၃၅ ပေ၊၂၅ ပေ ရှိ အုတ်ကြွပ်မိုး၊နံကပ် ၂ ထပ်နေအိပ် အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့၍ နေအိမ်ပိုင်ရှင် ဦးစိုင်းယီတွီ (၄၉ နှစ်)ကို ရာဇသတ်ကြီးပုဒ်မ - ၂၈၅ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16