POST TYPE
ARTICLE
ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖယ်ရှားပေးရေး လူထုဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ခွင့်ရ
10-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံ၌စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ဖယ်ရှားပေးရန်တောင်းဆိုနေသည့် တိုးတက်သော ကရင်နီလူငယ်အင်အားစုသည် လွိုင်ကော်မြို့ရှိ ဟစ်တိုင်း၌ ဆန္ဒဖော်ထုတ်ခွင့်ရရှိသွားပြီဖြစ်သည်။
ဆန္ဒဖော်ထုတ်ခွင့် ငါးရက်ပေးရန်တောင်းဆိုခဲ့သော်လည်း လွိုင်ကော်မြို့မရဲစခန်းမှ တစ်ရက်သာ ခွင့်ပြုပေးခဲ့ကြောင်း တိုးတက်သော ကရင်နီလူငယ်အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီးက ပြောကြားသည်။
“ငြိမ်းစုစီ တင်တယ်။ ငါးရက်တင်တာ တစ်ရက်ပဲ ခွင့်ပြုတယ်။ နောက်ရက်တွေ ထပ်ပေးနိုင်မလားလို့ ပြည်နယ်အစိုးရနဲ့ နောက်ရက်တွေ့မယ်”ဟု ၎င်းကပြောဆိုသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် လွိုင်ကော်မြို့ရှိ လူထုဟစ်တိုင်၌ မွန်းလွဲ ၃ နာရီမှ ငါးနာရီအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
“အားလုံးလဲ အဆင်ပြေ အချိန်ကုန်လည်း သက်သာချင်ရင် ဗိုလ်ချုပ်ရုပ်တုရွှေ့ပေးပါ။ NLD ရုံးက လိုချင်ရင် NLD ရုံးကို ရွှေ့ပေးပါ။ ပရဟိတအသင်းက လိုချင်ရင်လည်း သူတို့ရုံးထဲရွှေ့ပေးပါ”ဟု ကရင်နီ လူငယ်သပိတ်ကော်မတီဝင်တစ်ဦးက ဖြည့်စွက်ပြောဆိုသည်။
လွိုင်ကော်တွင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းနှင့်ပတ်သက်၍ ကရင်နီလူငယ်အင်အားစုက ကန္ဒဟေဝန်ပန်းခြံနှင့် ယင်းမြို့နယ် NLD ပါတီရုံးရှေ့၌ သပိတ်စခန်းများ ဖွင့်ခဲ့ဖြင့် ရဲတပ်ဖွဲ့၏ဖြိုခွင်းမှု သုံးကြိမ်ခံခဲ့ရပြီး လူငယ် ၅၅ သည်လည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉/၂၀ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ခ/ဂ တို့ဖြင့် အမှုဖွင့်ခံထားရသည်။
ကယားပြည်နယ် အစိုးရအနေနှင့် ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကန္ဒဟေဝန်ပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
J-18
- VIA
- Voice Admin
- SOURCES
- The Voice
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021