News

POST TYPE

ARTICLE

တာချီလိတ်တွင် နေ့ခင်းကြောင်တောင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
29-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၂၉

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး အာခါဈေးရှေ့ မီးပွိုင့်တွင် ယနေ့ (ဇန်နဝါရီ ၂၉ ရက်) မွန်းလွဲ ၁ နာရီခန့်က မြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း တာချီလိတ်မြို့ဒေသခံများက ပြောကြားသည်။

“မီးပွိုင့်မှာ မီးနီမိလို့ ကားရပ်နေချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်က ရောက်လာပြီး အနီးကပ်ပစ်သွားတာလို့ သိရတယ်။ ကားပေါ်မှာ မိန်းကလေး ၄ ယောက်ပါလာပေမယ့် သူတို့တော့ အပစ်မခံရဘူး။ တရားခံတွေကို ဖမ်းမိဖို့ စုံစမ်းနေပါတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် တပင်ရွှေထီး ဆီပန့်ပိုင်ရှင် ဦးအားဖာ (၅၁ နှစ်) သည် ယာနားထင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် ယာနံစောင်း ကျည်ဖောက်ဝင် ဒဏ်ရာသုံးချက်ရရှိကာ သေဆုံးခဲ့၍ ပစ်ခတ်သူ(စုံစမ်းဆဲ)ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အရေးယူထားပြီး တရားခံများဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16