News

POST TYPE

ARTICLE

အိန္ဒိယရောက် ရိုဟင်ဂျာ ၇ ဦးကို မြန်မာဘက်သို့ ပြန်လည်ပြည်နှင်မည်
05-Oct-2018


နယူးဒေလီ၊ အောက်တိုဘာ ၄

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ခိုလှုံနေသော ရိုဟင်ဂျာ (မူရင်းသတင်း၏အသုံး) ၇ ဦးကို ၎င်းတို့ မူရင်းနေရပ် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် အိန္ဒိယက စီစဉ်နေသည်ဟု PTI သတင်းဌာနက ဖော်ပြထားသည်။ 

မြန်မာပြည်တွင်းတွင် ဘင်္ဂါလီဟု အများက သတ်မှတ်ခေါ်တွင်သော အဆိုပါ ရိုဟင်ဂျာဒုက္ခသည်များသည် အာသံပြည်နယ်တွင် တရားမဝင်လာရောက် နေထိုင်နေကြသည်ဟု အိန္ဒိယအရာရှိများက ဆိုသည်။

အဆိုပါ တရားမဝင် ရွှေ့ပြောင်းများကို အိန္ဒိယ၏ ကချာဗဟိုထောင်တွင် ထိန်းသိမ်းထားပြီး ၂၀၁၂ ခုနှစ်ကတည်းက ခေါ်ထားခြင်းဖြစ်သည်။ 

မဏိပူရနယ် မိုရေးနယ်စပ်တွင် မြန်မာအာဏာပိုင်များလက်သို့ အဆိုပါ ရိုဟင်ဂျာဟု ၎င်းတို့ကို ၎င်းတို့ခေါ်တွင်သော မြန်မာပြည်တွင်းအခေါ် ဘင်္ဂါလီများကို လက်လွှဲပေးအပ်မည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန အရာရှိက ပြောကြားသည်။ 

မြန်မာသံတမန်ပိုင်းမှ တာဝန်ရှိသူများကို လိုအပ်သည့် အချက်အလက်များ ပေးပို့ကြည့်ရှုစေပြီး ၎င်းတို့က အတည်ပြုထားသည်ဟု အိန္ဒိယဘက်က ဆိုသည်။ 

အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ၏ မြန်မာဘက် ရခိုင်ပြည်နယ်မှ လိပ်စာကို မြန်မာအစိုးရက အတည်ပြုပေးပြီးဖြစ်ကြောင်း နောက်ထပ် အိန္ဒိယအရာရှိတစ်ဦးက ဆိုသည်။ 

အိန္ဒိယတွင် လာရောက်ခိုလှုံသော တရားမဝင် ရိုဟင်ဂျာများကို ပြန်လည်နှင်ထုတ်သည့် အိန္ဒိယ၏ ပထမဆုံး ဆောင်ရွက်ချက်ဖြစ်သည်။ 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အေဂျင်စီ UNHCR တွင် မှတ်ပုံတင်ပြီး အိန္ဒိယတွင် နေထိုင်သည့် ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းလေးထောင်ရှိကြောင်း အိန္ဒိယအစိုးရက ပါလီမန်ကို တင်ပြထားသည်။ 

အကူအညီပေးရေး အေဂျင်စီများကမူ အိန္ဒိယတွင် ရိုဟင်ဂျာ လူဦးရေ လေးသောင်းရှိသည်ဟု ခန့်မှန်းဖော်ပြထားသည်။ 

အိန္ဒိယအတိုက်အခံများက လက်ရှိ အာဏာရပါတီ BJP ၏ မွတ်ဆလင်များကို နှိပ်ကွပ်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း တရားမဝင်ရိုဟင်ဂျာများကို မြန်မာပြည်ပြန်ပို့သည့်ကိစ္စကို ထောက်ပြထားသည်။ 

F-02
 


  • VIA