POST TYPE
ARTICLE
မြစ်ကြီးနားတွင် ဗိုလ်ချုပ်ကြေးရုပ် သင်္ဘောဆေးသုတ် ဖျက်ဆီးခံရ
23-Jul-2018
မြစ်ကြီးနား၊ ဇူလိုင် ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၂ နာရီခန့်က သင်္ဘောဆေးလောင်းကာ ဖျက်ဆီးခံခဲ့ရကြောင်း ယင်းဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

“ကြေးရုပ်ရဲ့ ဦးခေါင်းအထိတက် ပြီးတော့မှ ဆေးဖျန်းထားတာ တွေ့တယ်။ ပြီးတော့ ကျွန်တော် ကြေးရုပ်ဖြစ်မြောက်ရေးအဖွဲ့ စာထိုးထားတဲ့ ကျောက်ပြားကို ထုထားတာ တွေ့ရတယ်။ နည်းနည်း ပွန်းပဲ့သွားတယ်”ဟု ၎င်းကပြောဆိုသည်။
အဆိုပါဖြစ်စဉ်သည် ယခုလက်ရှိ ဒေသအချို့၌ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူသည့်ကိစ္စနှင့်ပတ်သက်၍ သတင်းများ ထွက်ပေါ်မှုအပေါ် အခွင့်ကောင်းယူ၍
နိုင်ငံရေး အမြတ်ထုတ်ခြင်းဖြစ်နိုင်ကြောင်း ယင်းကြေးရုပ်တုဖြစ်မြောက်ရေး ကော်မတီမှ ဦးကျော်ကျော်ဦးက သုံးသပ်ပြောကြားသည်။
ဗိုလ်ချုပ်ကြေးရုပ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူကို ရဲတပ်ဖွဲ့ တာဝန်ရှိသူများက လိုက်လံစုံစမ်းလျက်ရှိပြီး ပြန်လည်ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။
မြစ်ကြီးနားမြို့တွင် ယင်းဗိုလ်ချုပ်ကြေးရုပ်တုကို ၂၀၁၃ ခုနှစ်က ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကယားပြည်နယ် အပါအဝင် ဒေသအချို့၌ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူနေမှုကို ဒေသခံအချို့က ကန့်ကွက်မှုများ ရှိနေသည်။
R-06
- VIA
- Voice Admin
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021