News

POST TYPE

ARTICLE

သူတို့ဆီက လူငယ်လေးများ
30-Jun-2018 tagged as



Adora Svitak

သူ့အသက်က ၁၂ နှစ်အရွယ်ကတည်းက စာအုပ် ၁၂ အုပ်ထုတ်ဝေပြီးဖြစ်သည်။ ၁၂ နှစ်သမီးလေး အဒိုရာသည် စာရေးသာထူးချွန်သည်မဟုတ် စကားပြောလည်းတော်သည်။ သူက ယခု အောင်မြင်စေနိုင်သော နည်းလမ်းများအကြောင်း လိုက်ပြီးဟောပြောနေသည်။ ကျောင်းပေါင်း ၄၀၀ တွင် သူ့ဟောပြောပွဲတွေ လိုက်လံကျင်းပခဲ့ပြီး၊ နာမည်ကျော် TED ညီလာခံသို့လည်း နှစ်စဉ်တက်ရောက်ပြီး စကားပြောခွင့်ရခဲ့သည်။ သူ့ကို Good Morning America နှင့် CNN ရုပ်သံအစီအစဉ်များတွင်လည်း မကြာမကြာတွေ့နိုင်သည်။ အသက်အငယ်ဆုံး စာပေပညာရှင်လေးတစ်ယောက်အဖြစ် ချီးကျူးဂုဏ်ပြုကြသည်။



Savannah Britt

ဆာဗန်နာသည် အသက် ၁၅ နှစ်တွင် ကမ္ဘာ့အသက်အငယ်ဆုံး မဂ္ဂဇင်းထုတ်ဝေသူအဖြစ် လူသိများသည်။ Girlpez ဆိုသည့်မဂ္ဂဇင်းကို သူကိုယ်တိုင် ဦးဆောင်ပြီး ထုတ်ဝေနေခြင်းဖြစ်သည်။ သူ့မဂ္ဂဇင်းတွင် သတင်းများ၊ ဇာတ်လမ်းများ၊ ဖက်ရှင်ရှိုးပွဲများ၊ နာမည်ကျော်များနှင့် အင်တာဗျူးများကို ထည့်သွင်းပေးထားသောကြောင့် လူကြိုက်များသည်။



Philip Hartman

ဖီးလစ်သည် နှစ်တစ်နှစ်၏ အကောင်းဆုံးတီထွင်သူဆုရှင်တစ်ဦးအဖြစ် ဂုဏ်ပြုထားခြင်းခံရသူဖြစ်သည်။ အသက် ၁၅ နှစ်ကတည်းက ကျောင်းမတက်။ ပညာကို အိမ်တွင်သာရှာပြီး အထက်တန်းကျောင်းမှ အသိအမှတ်ပြုစာမေးပွဲများကိုဖြေသည်။ ၂၀၀၈ ခုနှစ်တွင် ဖိုင်ဘာမျှင်များကိုဆက်သည့် နည်းပညာတစ်ရပ်ကို တီထွင်ဖော်ထုတ်ပြနိုင်ခဲ့သောကြောင့် အကောင်းဆုံး တီထွင်ပညာရှင်ဆုကို ရရှိခဲ့သည်။ သူနောက်ဆုံးတီထွင်ထားသည်မှာ ကားလေကာမှန်တွင် ဆီးနှင်းများ ဖုံးလွှမ်းခြင်းကို ၁၅ စက္ကန့်အတွင်း ဖယ်ရှားပေးနိုင်သည့် နည်းစနစ်ဖြစ်သည်။



Alex Fraiser

သူ့ကို ကမ္ဘာ့အသက်အငယ်ဆုံး ဘလော့ဂါဟု သတ်မှတ်ထားသည်။ အသက် ၁၆ နှစ်သားတွင် အသက် ၂၄ နှစ်အရွယ် ဆက်ဝိတ်ဆိုသူနှင့် ပထမဆုံး Blog တစ်ခုကို ရေးဆွဲပြီးတင်လိုက်သည်။ သူတို့ Blog အမည်က Blogussion ဖြစ်သည်။ ချက်ချင်းအောင်မြင်သွားသည်။ အင်တာနက်ပေါ်တွင် အအောင်မြင်ဆုံး ၁၆ နှစ်သား ဘလော့ဂါအဖြစ် နာမည်ကျော်သွားသည်။ Blogussion သည်လည်း အဆင့်မြင့် Blog တစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရသည်။



Farrhad Acidwalla

ဖာရက်က အသက် ၁၆ နှစ်တွင် Rockstah Media ကို ထူထောင်ထားသည်။ Web ကုမ္ပဏီတစ်ခုဖြစ်ပြီး ဈေးကွက်၊ ကြော်ငြာ၊ ကုမ္ပဏီအမှတ်တံဆိပ်များ လူသိများစေရန် အွန်လိုင်းပေါ်တွင် ဖော်ဆောင်ပေးသည့် လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေသူဖြစ်သည်။ လုပ်ငန်းထူထောင်ပြီး တစ်နှစ်သာကြာသည်သူ့တွင် Web နှင့်ပတ်သက်သည့် ပညာရှင်ပေါင်းများစွာကိုခေါ်ယူပြီး လုပ်ဆောင်နိုင်ခဲ့သည်။ ဈေးကွက်ကို ပေါက်စေနိုင်သည့် သူမတူသော ဗျူဟာများကြောင့် သူ့ထံတွင် ဖောက်သည်ပေါင်းများစွာ ရရှိနေသည်။



Mark Bao 

မာ့ခ်သည် အသက် ၁၇ နှစ်တွင် အထက်တန်းပညာသင်ကြားနေရင်း Web ကုမ္ပဏီပေါင်း ၁၁ ခုကို ထူထောင်ထားခဲ့ပြီးဖြစ်သည်။ ယင်းတို့အနက် သုံးခုကို ပြန်ရောင်းနိုင်ခဲ့သည်။ NGO အဖွဲ့အစည်း ဖောင်ဒေးရှင်းသုံးခုနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။ သူ့ပရောဂျက်များတွင်  TickrTalk, the Ramamia Foundation, Classleaf, Avecora တို့ ပါဝင်နေခြင်းကို ခန့်မှန်းကြည့်နိုင်သည်။ ၂၀၁၃ ခုနှစ်ကတည်း နည်းပညာဆိုင်ရာ ကွန်ရက်လုပ်ငန်းကို လုပ်ဆောင်ပြီး အောင်မြင်နေသူတစ်ဦးဖြစ်သည်။



Stanley Tang

စတန်လေသည် ၂၀၀၈ ခုနှစ်က “eMillions” ဆိုသည့်စာအုပ်ကို ထုတ်ဝေခဲ့သည်။ Amazon စာအုပ် အရောင်းစာရင်းတွင် ထိပ်တန်းအရောင်းရဆုံး စာရေးဆရာအဆင့် ဝင်သွားသည်။ ထိုစဉ်က သူ့အသက် ၁၄ နှစ်သာရှိသေးသည်။ ကမ္ဘာ့အသက်အငယ်ဆုံး ထိပ်တန်းအရောင်းစာရင်းဝင် စာရေးဆရာဖြစ်သည်။ သူသည် မကြာသေးမီကမှ အထက်တန်းပြီးသည်။ ယခု စတန်းဖို့ဒ်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသည်။



Adam Horwitz

အဒမ်က အသက် ၁၈ နှစ်တွင် သုံးရက်နှင့် ဒေါ်လာ ၁ ဒသမ ၅ သန်းကို ရှာနိုင်သူအဖြစ် မှတ်တမ်းဝင်သွားသည်။ သူက သူ့အမှားများကို သင်ခန်းစာယူပြီး အွန်လိုင်းကတစ်ဆင့် ငွေမည်သို့ရှာဖွေနိုင်ကြောင်း သင်တန်းများ ပို့ချပေးနေသည်။ သူအွန်လိုင်းပေါ်တွင် ပို့ချပေးနေသည့် သင်တန်းများမှ “Tycoon Cash Flow” နှင့် “Cell Phone Treasure” တို့မှ ဒေါ်လာတစ်သိန်းခန့် ပြန်ရလိုက်သည်။ သူ့ပို့ချချက်များကို ပိုက်ဆံပေးကြည့်ကြခြင်း ဖြစ်သည်။ “Mobile Monopoly” ကို ထပ်ထုတ်သည်။ သုံးရက်အတွင်း ဒေါ်လာ ၁ သန်းခွဲရသွားသည်။ ဈေးကွက်တွင် အွန်လိုင်းကတစ်ဆင့် ငွေအများဆုံးရက်ပိုင်းအတွင်း ရှာနိုင်သူအဖြစ် မှတ်တမ်းဝင်သွားသည်။

E-01

(Ref: Young Entrepreneur Success Stories)

  • TAGS