News

POST TYPE

ARTICLE

မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ ဖမ်းဆီးခံရမှု သတင်းစာရှင်းလင်း
16-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ ဖမ်းဆီးတရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

ဆရာတော် ဦးပါမောက္ခအား ဖမ်းဆီးတရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများထံသို့ ရဟန်းရှင်လူ ၁၉၂ ဦးက လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၈ ရက်နေ့က စာပေးပို့တင်ပြထားကြောင်း၊ ယင်းတင်ပြစာများကို သက်ဆိုင်ရာဌာနများက လက်ခံထားပြီးဖြစ်သော်လည်း အမှန်တကယ်ရောက်မရောက် အခြေအနေမသိရကြောင်း၊ တရားရုံးစစ်ဆေးရာတွင် တရားလို၏ လက်မှတ်ကွဲလွဲနေခြင်း၊ အမှုပိတ်သိမ်းပေးရန် လျှောက်ထားချက်ကို ရုံးချိန်းသုံးကြိမ်ခေါ်ဆိုပြီး ဆုံးဖြတ်ချက်မချနိုင်ခြင်းနှင့် ဆရာတော်ကို နှစ်ရက်ဆက်တိုက် ရုံးချိန်းခေါ်ဆိုခြင်းမှာ လူမြင်ကွင်းတွင် လက်ထိတ်ခတ်ပုံစံဖြင့် ခေါ်ထုတ်ပြသခြင်းဟု ယူဆပါကြောင်း မကွေးကျောင်း ဆရာတော်၏တပည့် ဦးအောင်မြိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

“ဆရာတော်ဘက်က နစ်နာနေပြီ၊ ထောင်ဒဏ်တစ်လချတုန်းက အာမခံလျှောက်ထားမိလို့ဆိုပြီး အချုပ်ချရက် ၉ ရက်ကို တစ်လအတွင်း ထည့်မပေးခဲ့ဘူး၊ တရားရုံးအမိန့်ချတဲ့အချိန်က ငြိမ်း/စီပုဒ်မ ၁၉ ကို အာမခံပေးတယ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ကို မပေးဘူး၊ အဲဒီလိုပေးလိုက်တဲ့အတွက် ချုပ်ရက် ၉ ရက်ကို ထောင်ကျရက်ထဲမှာ ထည့်မတွက်တော့ ဆရာတော်က ၉ ရက်ပို ထောင်ထဲထည့်ခံရတယ်။ တကယ်ဆိုရင် ဆရာတော်က ထောင်ကလွတ်နေပြီ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်ထည့်ထားတာဟာ မတရားချုပ်နှောင်ထားတာဖြစ်တယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ 

ဆရာတော်ဦးပါမောက္ခကို ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အပါအဝင် (၁၅) ဌာနကို စာပေးပို့တင်ပြထားပြီး၊ ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားသဖြင့် ဆရာတော်မှာ နစ်နာနေ၍ အမြန်ဆုံးမှန်ကန်စွာ စစ်ဆေးပေးစေလိုကြောင်း၊ ယင်း သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။  

J-16


  • VIA