News

POST TYPE

ARTICLE

လွှတ်တော်အဆောက်အုံကို ဒရုန်းနှင့် ဓာတ်ပုံရိုက်ရန် ကြိုးပမ်းမှုဖြင့် အဖမ်းခံထားရသည့် ကိုအောင်နိုင်စိုး အပါအဝင် လေးဦးတို့ ပြန်လွတ်
မိတ္ထီလာ ဒီဇင်ဘာ ၂၉ နေပြည်တော် လွှတ်တော်အဆောက်အုံကို ဒရုန်းအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးရန် ကြိုးပမ်းမှုဖြင့် ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် တူရကီအခြေစိုက် TRT သတင်းဌာနအတွက် စကားပြန် ပြုလုပ်ပေးသော သတင်းထောက် ဦးအောင်နိုင်စိုးအပါအဝင် လေးဦးတို့ ယနေ့ ( ဒီဇင်ဘာ ၂၉ ) မနက်အစောပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (ရမည်းသင်း) မှ စုံစမ်းသိရှိရသည်။

“ဒီကနေ့ မနက် (၇:၁၅) အချိန်က လွှတ်လိုက်တာပါ။ စင်္ကာပူနိုင်ငံသားနဲ့ မလေးရှားနိုင်ငံသူရယ် သီတင်းထောက် ဦးအောင်နိုင်စိုးရယ် နောက်တစ်ယောက်ရယ် စုစုပေါင်း လေးယောက်ပါ” ဟု ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးမြင့်ရွှေက ဖြေကြားသည်။ 

၎င်းတို့မှာ ခွင့်ပြုချက်မရှိဘဲ ဒရုန်းလွှတ်ရန်ကြိုးပမ်းမှုကြောင့် ထောင်ဒဏ်၂လ ချမှတ်ခံထားရသည်။

ယနေ့ လွတ်မြောက်လာသူလေးဦးတွင် နိုင်ငံခြားသား နှစ်ဦးပါဝင်နေသဖြင့် ရမည်းသင်းမြို့နယ် လဝက မှ အရာရှိနှစ်ဦး အပါအဝင် စင်္ကာပူသံရုံးမှ စကားပြန်တစ်ဦးတို့က ရန်ကုန်မြို့အထိ လိုက်ပါပို့ဆောင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ 

ယင်းအပြင် ၎င်းတို့လေးဦးကို ထပ်မံစွဲဆိုထားသော အမှုများကိုလည်း တရားလိုက ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ယင်းကြောင့် ဇမ္ဗူသီရိ မြို့နယ်တရားရုံးတွင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော (၉) ကြိမ်မြောက် ရုံးချိန်းတွင် တူရကီအခြေစိုက် TRT သတင်းဌာန စင်္ကာပူရုံးခွဲမှ စင်္ကာပူနိုင်ငံသား မလေးရှားနိုင်ငံသူ မြန်မာနိုင်ငံမှ စကားပြန်အဖြစ်ဆောင်ရွက်သော သတင်းထောက် ဦးအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ အမှုပိတ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့သည်။

R-01