News

POST TYPE

ARTICLE

ဘင်္ဂါလီများကို ခိုးသွင်းမှုဖြင့် ကြေးမုံသတင်းထောက် ဖမ်းခံရ
ပြည်၊ ဒီဇင်ဘာ ၂၈ 

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဘင်္ဂါလီခြောက်ဦးကို ခိုးသွင်းခဲ့မှုနှင့်ပတ်သက်၍ ကြေးမုံသတင်းစာမှ သတင်းထောက်ကတ် ကိုင်ဆောင်ထားသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။ 

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်က အစစ်ဆေးမခံဘဲ မောင်းတံကိုတိုက်ကာ ကားတစ်စီး ထွက်ပြေးလာကြောင်း သတင်းအရ လိုက်လံဖမ်းဆီးရာ ပန်းတောင်းတောင်ကုတ်ကားလမ်းဘေးရှိ ညောင်ခြေထောက်ကျေးရွာအတွင်း ဝင်ရောက်ခိုလှုံစဉ် ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ သိရသည်။ 

“တင်လာသူတွေက ကျောက်ဖြူမြို့နယ်ကနေ တင်လာတယ်။ ကြေးမုံသတင်းထောက်လို့ သိရတယ်”ဟု ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဘင်္ဂါလီများကို ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်း ကျောက်ဖြူမြို့မှ တင်ဆောင်လာခြင်းဖြစ်ပြီး ခိုးဝင်များကို စစ်ဆေးအရေးယူရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ဘက်မှ ပြည်ဘက်သို့ ကျောက်ဖြူအခြေစိုက် ကြေးမုံသတင်းထောက် စောမိုးကျော် (၅၀ နှစ်)မောင်းနှင်လာသောToyota Mark2 ခဲရောင်ယာဉ်သည် ယင်းဘင်္ဂါလီခြောက်ဦးကိုတင်ဆောင်လာပြီး ညောင်ကျိုးလ.ဝ.ကဂိတ်ကို အစစ်ဆေးမခံဘဲ မောင်းတံကိုဖြတ်တိုက်မောင်းပြေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးစောမိုးကျော်ကို (ပ) ၂၁၁/ ၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားပြီး ဘင်္ဂါလီခြောက်ဦးကို လဝက ဥပဒေ ၆ (၂) ၆(၃) ဖြင့် ဥသျှစ်ပင် နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေး အရေးယူလျက်ရှိသည်။ 

M-06