News

POST TYPE

ARTICLE

လမ်းဘေးထိုးကျသည့် YBS 25 ယာဉ်မောင်း လာအဖမ်းခံ
14-Jul-2017 tagged as YBS

ရန်ကုန်၊ ဇူလိုင် ၁၄

ချိုင့်ခွက်ရှောင်ရာမှ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ပြီး ဒဂုံတက္ကသိုလ် ကျောင်းသူနှစ်ဦး အပါအဝင် ခရီးသည် ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည့် YBS 25 ယာဉ်မှ ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းမှာ ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းသို့ လာရောက်ဖမ်းဆီးခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လာရောက်ဖမ်းဆီးခံသည့် ယာဉ်မောင်း ဦးအောင်ကျော်လွင်မှာ ဇူလိုင်လ ၁၃ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ် မြောက်ပိုင်း တက္ကသိုလ်မှ မင်္ဂလာဈေးဘက်သို့ မောင်းနှင်လာစဉ် တောင်-မြောက် လမ်းဆုံအနီး လမ်းပေါ်ရှိ ချိုင့်ခွက်ကို ရှောင်ရာမှ လမ်းဘေးသို့ ယာဉ်ထိုးကျ တိမ်းမှောက်ခဲ့သည်။

“ကားသမားက သူ့ဝိုင်းရိုက်မှာစိုးလို့ ထွက်ပြေးခဲ့တာလို့ သိရတယ်။ ညက ယာဉ်လိုင်းတာဝန်ရှိသူတွေဆီ လာပြီး သူအဖမ်းခံတယ်။ ဒီမနက်မှာ ရဲစခန်းဆီ သူ့ကို သွားအပ်လိုက်ပါပြီ” ယင်းယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ကျောင်းသူနှစ်ဦး အပါအဝင် ခရီးသည် ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး လာရောက်အဖမ်းခံသည့် အသက် ၅၂ နှစ် ယာဉ်မောင်း ဦးအောင်ကျော်လွင်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ ပုဒ်မ ၃၃၇/၃၃၈/၂၇၉ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03