14-Jan-2021
အိမ်ပေါ်မှဆင်းလိုက်သည်နှင့် ခြံရှေ့ခရေပင် ကြီးအောက်တွင် ခရေပန်းများဖွေးဖွေးလှုပ်အောင် ကြွေနေကြသည်ကို အဦးဆုံးမြင်ရ၏။ ကြွေဆို မြေပြင် ပေါ်နေရာလပ်မရှိအောင် ကြွေနေကြခြင်းဖြစ်သည်။ လျှပ်စစ်မီးရောင် ဝါကြင်ကြင်ကလေးအောက်တွင် ခရေပွင့်များ ကြွေနေကြပုံကိုမြင်ရသည်မှာ သိုးမွေး ကော်ဇောကလေးခင်းထားသည်လား ထင်မှတ်ရ သည်။ ရွက်ဖျားရွက်နားကလေးများ လှုပ်ခတ်ရုံမျှ သွေးနေသော နံနက်ခင်း လေပြည်ထဲတွင်တော့ ခရေ ရနံ့က တအုံနွေးနွေး သင်းနေလေသည်။ ကြွေနေ သောခရေပန်းများကို မနင်းမိစေရန်ရှောင်ကွင်းရင်း ခြံပြင်ဘက်သို့ ထွက်သည်။ ခြံအပြင် ကွန်ကရစ်လမ်း ကြားကလေးပေါ်တွင်လည်း ခရေအကြွေများက အဆုပ်လိုက်။ ဘာရယ်မဟုတ်ပဲ ခရေအကြွေချင်း အတူတူ မြေပြင်ပြွေေါ်ကသော ခရေပန်းကလေးများ က မြေသင်းနံ့ကလေးများနှင့် ပိုမိုမွှေးသည်ဟု ကျွန်တော် တွေးပြန်သည်။ ထိုအတွေးက ကျွန်တော် ၏ အတ္တလေလား မဆိုတတ်။