News

POST SECTION

ALSO-IN-NEWS

10-Oct-2016
လာမယ့်လမှာ ပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူ့ကို မဲပေးကြဖို့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထောက်ခံသူတွေကို တိုက်တွန်းနေပါတယ်။ နေမကောင်းဖြစ်နေသူတွေ ကျေးဇူးပြုပြီး မကွယ်လွန်ကြဖို့လည်း သူက သတိ ပေးထားပါတယ်။
08-Oct-2016
ပိုကီမွန် ကောင်လေးတွေကို ဖုန်းနဲ့ လိုက်ဖမ်းတဲ့ ကစားနည်းဟာ တော်တော်လေး လူကြိုက် များနေပါတယ်။ အခုတော့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ ခေါင်းဆောင်တောင်မှ မအားတဲ့ကြားထဲက အကောင်လေးတွေကို ဘောနဲ့ ပစ်နေတာမျိုး ရှိလာပါပြီ။
06-Oct-2016
အက်စ်တိုးနီးယား နိုင်ငံမှာရှိတဲ့ ဓာတ်အားပေးရုံ တစ်ရုံက စွန့်ပစ် ပစ္စည်းတွေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အခု ဒီနိုင်ငံဟာ ပြည်ပကနေ အမှိုက်တွေကို တင်သွင်းနေပါပြီ။ ပြီးခဲ့တဲ့နှစ်က အက်စ်တိုးနီးယားဟာ သူတို့ရဲ့ အညစ်အကြေးကနေ စွမ်းအင်ထုတ်တဲ့ စီမံကိန်းအတွက် စွန့်ပစ် ပစ္စည်းတန်ပေါင်း ၅၆,ဝဝဝ ကျော် ပြည်ပက ဝယ်ယူခဲ့ပါတယ်။
05-Oct-2016
ဂရိနိုင်ငံမှာ တစ်နေရာတည်းကို ဘဲလေး ကချေသည်တွေ စုဝေး ကခုန်ပြီး ကမ္ဘာ့စံချိန်သစ် တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ စုစုပေါင်း ဘဲလေးကချေသည် ၄၃ဝ စုဝေးပြီး ကခုန်ကြတာ ဖြစ်ပါတယ်။ ဂရိနိုင်ငံ သီစာလိုနီကီ ဒေသမှာ စနေနေ့က အဆိုပါပွဲကို ပြုလုပ်ကြတာ ဖြစ်ကြပါတယ်။
03-Oct-2016
ခေါင်းနှစ်လုံးနဲ့ မြွေဆိုတာ အင်မတန်မှ တွေ့ရခဲပါတယ်။ တက္ကဆက် ပြည်နယ်က အမျိုးသမီး တစ်ဦးကတော့ နောက်ဖေးခြံထဲမှာ တွေ့လို့ ပြည်နယ် တိရစ္ဆာန်ရုံကို ပို့လိုက်ပါပြီ။ အဲဒီ ရှားပါးလှတဲ့ မြွေရဲ့ ဓာတ်ပုံတွေကို တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက မျှဝေခဲ့ပါတယ်။
02-Oct-2016
အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ အတွက်တော့ တော်တော်လေး ဒေါသထွက်မယ့် သတင်းဖြစ်ပါတယ်။
01-Oct-2016
ကနေဒါ နိုင်ငံက ပန်းခြံ တစ်ခုထဲမှာ ဘေးမဲ့ လွှတ်ထားတဲ့ ကြက်ဖကြီး တစ်ကောင်ဟာ ခြေထောက် ဝေဒနာကြောင့် လမ်း ကောင်းကောင်း မလျှောက်နိုင် ဖြစ်နေခဲ့ပါသတဲ့။
29-Sep-2016
ဝက်ဝံ တစ်ကောင် သိပ်ကြိုက်နေတဲ့ ပစ္စည်းကို သူ့လက်ထဲက သွားယူဖို့ ကိစ္စဟာ တော်တော့်ကို အန္တရာယ်များတဲ့ အလုပ်ပါ။ ပြီးတော့ ဝက်ဝံ ကစားနေတဲ့ ပစ္စည်းက မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်ကြီး ကျည်ဆန်ဆိုတော့ ပိုဆိုးတာပေါ့။
28-Sep-2016
ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် သမ္မတလောင်းတွေ စကားစစ်ထိုးပွဲကို တာလီဘန်တွေကလည်း အထူး စိတ်ဝင်စားခဲ့ကြပါတယ်။ အာဖဂန် နစ္စတန်မှာရှိတဲ့ သူတို့ပုန်းတဲ့ နေရာမှာ စုပြီးတော့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြတယ်လို့ စစ်သွေးကြွအဖွဲ့ရဲ့ပြောခွင့်ရအရာရှိက NBC သတင်းဌာနကို ပြောပါတယ်။
28-Sep-2016
အိန္ဒိယရဲတပ်ဖွဲ့ဟာ အမြီးက ခေါင်းပုံစံဖြစ်နေပြီး ခေါင်းနှစ်လုံးနဲ့ မြွေလို့ ထင်ရတဲ့ ရှားပါးမြွေ တစ်ကောင်ကို တရားမဝင် မှောင်ခိုဂိုဏ်း တစ်ဂိုဏ်း လက်ထဲကနေ ကယ်တင်နိုင်လိုက်ပါတယ်။
27-Sep-2016
လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့ ကိစ္စတွေက တချို့ဟာ ဘာမှန်း မသိတာတွေ ဖြစ်တတ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ် လွှတ်တော်မှာ ဥပဒေကြမ်း တစ်ခု ဆွေးနွေးကြတာ ခန္ဓာကိုယ် အောက်ပိုင်းက မမြင်သင့်တာတွေ ဖော်ထုတ်ပြမှုဆိုင်ရာ ဖြစ်ပါတယ်။
24-Sep-2016
အမေရိကန် ပြည်ထောင်စု ကန်တက်ကီပြည်နယ် အလယ်ပိုင်း မွေးမြူရေး ခြံတစ်ခုမှာ မျက်နှာ နှစ်ခုပါတဲ့ နွားကလေး မွေးတာမို့ ဧည့်သည်တွေ သွားရောက် လည်ပတ်မှု များပြား နေပါတယ်။
22-Sep-2016
ရီယိုဒီဂျနေရိုး ပါရာအိုလံပစ်ပွဲကို သတင်းဓာတ်ပုံ ရိုက်ဖို့ ကမ္ဘာတစ်ဝန်းက ဓာတ်ပုံဆရာတွေ ဘရာဇီးကို လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျိုအာမာရီယာလို ဓာတ်ပုံဆရာကတော့ နှစ်ယောက် မရှိပါဘူး
21-Sep-2016
Appleထုတ်ကုန်တွေရဲ့ ပရိသတ်တွေဟာ တရုတ်နိုင်ငံ တစ်ဝန်းက iProduct အရောင်းဆိုင်တွေရှေ့မှာ တန်းစီ နေကြရပါတယ်။ တချို့ကလည်း ဟောင်ကောင်အထိ သွားပြီး ဝယ်နေကြရပါတယ်။ ဒါပေမဲ့ iPhone ပရိသတ် တစ်ဦးကတော့ ဒီလိုမျိုး ကရိကထတွေ များနေစရာ မလိုပါဘူး။