News

POST SECTION

ALSO-IN-NEWS

27-Oct-2016
ဂျပန်အန်နမီလို့ ခေါ်ကြတဲ့ ဂျပန်ပုံစံ ကာတွန်း လှုပ်ရှားမှုရုပ်ရှင် ပုံစံဒီဇိုင်းနဲ့ ဖိလစ်ပိုင်သမ္မတ လူကြမ်းကြီး ရိုဒရီဂို ဒူတာတေးကို ဂုဏ်ပြုထားတဲ့ ဗီဒီယိုလေး Youtube မှာ လူကြည့် များနေပါတယ်။ တစ်မိနစ်ခွဲလောက်ပဲကြာတဲ့ ဒီဗီဒီယိုကို El President လို့ အမည်ပေးထားပြီးတော့ ဒူတာတေးရဲ့ ရိုးရှင်းစွာနေတဲ့ ပုံစံနဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ပြတ်သားပုံကို ဖော်ပြထားပါတယ်။
26-Oct-2016
မောင်းသူမဲ့ ယာဉ်ဆိုပေမယ့် သေးသေးကွေးကွေးတော့ မဟုတ်ပါဘူး။ ကုန်တင် ထရပ်ကားတွဲကြီးပါ။ ဒီယာဉ်ကြီးဟာ မိုင်ပေါင်း ၁၂ဝ ကျော် သွားခဲ့ပြီး ကိုလိုရာဒို ပြည်နယ်တစ်လျှောက်က ဆိုင်တွေဆီ ဘီယာ လိုက်ပို့ခဲ့တာဖြစ်ပါတယ်။
25-Oct-2016
အမေရိကန်ပြည်ထောင်စု ပို့လန်းမြို့မှာ သစ်ပင်လူသား အဖမ်း ခံလိုက်ရပါပြီ။ သစ်ပင်လူသားဆိုတာ မာဘယ် သူရဲကောင်းတွေလိုပဲ သစ်ပင် ဝတ်စုံနဲ့ လမ်းမပေါ် သွားနေသူပါ။ ယာဉ်သွား ယာဉ်လာတွေ ပိတ်သွားအောင် လုပ်ဆောင်ခဲ့တာမို့ ခုလိုမျိုး အရေး ယူရတာပါလို့ ရဲတွေက ဆိုပါတယ်။
24-Oct-2016
တောင်ပစိဖိတ် ကျွန်းလေး တစ်ခုကနေ ပို့လိုက်တဲ့ ပို့စ်ကတ် တစ်စောင်ဟာ ရာစုနှစ်ဝက်လောက်ကြာမှ ရောက်လာတဲ့အတွက် သြစတြေးလျ စာတိုက်ကြီးက တောင်းပန်လိုက်ပါတယ်။
23-Oct-2016
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့အတွက် စေလွှတ်လိုတယ်လို့ ရုရှားက ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က မဲရလဒ်တွေ အကြံအဖန် ဖြစ်လိမ့်မယ်လို့ ပြောပြီးတဲ့နောက်မှာ ရုရှားက ခုလို ပြောလာတာ ဖြစ်ပါတယ်။
22-Oct-2016
ကင်ဆာဝေဒနာခံစားရပြီး ဆေးတွေ မျိုးစုံသွင်း ဆံပင်တွေ ကျွတ်တယ်ဆိုရင် တော်တော်များများက စိတ်ဓာတ် ကျသွားလေ့ ရှိပါတယ်။ အန်နာ အဲလီစီယာအာယာလာဆိုတဲ့ အမျိုးသမီးဟာ ကင်ဆာဓာတု ကုထုံးတွေနဲ့ ပင်ပန်းနေပေမယ့် သူငယ်ချင်းဖြစ်သူ ဒန်နီယယ်လီ အန်ဒရက်စ်နဲ့ ပေါင်းပြီး ပါတီအက ကခုန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
20-Oct-2016
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်က မီးသတ်သမား တစ်ယောက်တော့ မီးရှို့မှုနဲ့ အဖမ်းခံနေရပါပြီ။ ပယ်ရီမြို့ မီးသတ်ဌာနက အဆိုပါ မီးသတ်သမား အဒမ်ဆယ်ဘီးဟာ အရေးပေါ်မီးသတ်ကားကြီးပေါ်ကနေ ဂိုက်အပြည့်နဲ့ မီးသတ်တိုက်ပွဲ ဆင်နွှဲရတာကို သိပ်ကြိုက်ပုံရပါတယ်။
18-Oct-2016
ဗြိတိန်နိုင်ငံမှာ သက်ကြီး အမျိုးသမီးကြီး တစ်ဦးဟာ ရေချိုးခန်းထဲမှာ လေးရက်ကြာ ပိတ်မိနေခဲ့ပြီး ကော်ဖီဆိုင်က စားပွဲထိုးမလေး တစ်ယောက်က အဘွားအို ပျောက်နေတာကို သတိထားမိလို့ ရဲသွားတိုင်လိုက်ပြီးတော့ ကယ်တင်လိုက်နိုင်ပါတယ်။
18-Oct-2016
ထောင်ကျနေတဲ့ သမီးလေးခမျာ မူးယစ်ဆေးဝါးတော့ သုံးချင်ရှာမှာပဲလို့ သင်သာ မိဘဖြစ်ရင် မတွေးမိစေနဲ့နော်။ သမီးလေးကို ထောင်ထဲ မူးယစ်ဆေးဝါး သွင်းပေးဖို့ ကြိုးစားတဲ့မေမေတော့ ဖလော်ရီဒါပြည်နယ်က ထောင်ထဲမှာ သားအမိ နှစ်ယောက် ဆုံစည်းနေကြပါပြီ။
17-Oct-2016
အရွယ် မရောက်သေးဘဲ မရွေးချယ်နိုင်သေးတဲ့ ကလေးကို ကိုယ့်လိုပဲ နေရမယ်လို့ အတင်း လုပ်ယူတာကျတော့ သိပ်အဆင်မပြေပါဘူး။ ရုရှားက ခင်ပွန်းသည် တစ်ယောက်တော့ ရှင်းပါတယ်။ သူ့ကလေးကို အတင်း အရွက်ပဲ စားခိုင်းနေတဲ့ ဇနီးဖြစ်သူကို ရဲသွားတိုင်ပါသတဲ့။
16-Oct-2016
ထိုင်းဘုရင်ကြီး ကံတော်ကုန်တဲ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်ပြည်လုံးက အနက်ရောင်ပဲ ဝတ်ဆင်ကြပါတယ်။ ဒီတော့ အနက်ရောင် အဝတ်အထည်တွေရဲ့ ဝယ်လိုအား ထိုးတက်သွားပြီး ရောင်းမလောက် ဖြစ်နေပါတယ်။ ဈေးကွက်ရဲ့ ထောက်ပံ့ထားနိုင်စွမ်း အလျင် မှီဖို့အတွက် ထုတ်လုပ်သူတွေနဲ့ ပူးတွဲ လုပ်ဆောင်နေတယ်လို့ စီးပွားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။
13-Oct-2016
အီလက်ထရောနစ် ဗေဒင်ဟောစက်ကလေး တစ်လုံးကို နယူးယောက်မြို့တော် လမ်းဘေး တစ်နေရာမှာ တပ်ဆင်ထားပြီး သမ္မတလောင်း ဒေါ်နယ်ထရမ့် ကိုယ်တိုင် ဟောပြောပေးတဲ့ ပုံစံမျိုး လုပ်ထားပါတယ်။ All-Seeing Trump လို့ အမည်ပေးထားတဲ့ ဗေဒင်စက်ကို သတင်းထောက ်တစ်ယောက်က တွေ့သွားခဲ့ပြီး သတင်းပေါ် ရောက်လာတာ ဖြစ်ပါတယ်။ ထိုစက်ထဲက ဒေါ်နယ်ထရမ့်ပုံဟာ လမ်းသွားလမ်းလာတွေကို ပေါက်ကရတွေ လိုက်ပြောနေတဲ့ပုံမျိုး ပြုလုပ်ထားပါတယ်။
12-Oct-2016
အမေရိကန် ပြည်ထောင်စု မစ်ချီဂန် တက္ကသိုလ်ဝင်းထဲမှာ ကမ္ဘာ့စံချိန် ချိုးဖို့ အစီအစဉ် တစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။
11-Oct-2016
ဘဝမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို အသက်ထက်ဆုံး လုပ်သွားနိုင်ပြီး အိုမင်းချိန်ထိ ဆက်လက် လုပ်ကိုင် နိုင်သေးတယ် ဆိုတာ ကံအလွန် ကောင်းလှပါတယ်။
10-Oct-2016
လာမယ့်လမှာ ပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူ့ကို မဲပေးကြဖို့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထောက်ခံသူတွေကို တိုက်တွန်းနေပါတယ်။ နေမကောင်းဖြစ်နေသူတွေ ကျေးဇူးပြုပြီး မကွယ်လွန်ကြဖို့လည်း သူက သတိ ပေးထားပါတယ်။