02-Dec-2016
ဝန်ကြီးချုပ် ဝင်စတန်ချာချီရဲ့ပုံကို ရိုက်နှိပ်ထားတဲ့ ဗြိတိန်ရဲ့ ပလတ်စတစ် ငွေစက္ကူ အသစ်တွေကို သက်သတ်လွတ် စားသူတွေက စိတ်ဆိုးမာန်ဆိုး ကန့်ကွက်နေကြပါတယ်။ အကြောင်းကတော့ တိရစ္ဆာန် အဆီတွေကို ပလတ်စတစ်သား ထုတ်လုပ်ရာမှာ သုံးထားတာကြောင့် ဖြစ်တယ်လို့ အဆိုပါ တိရစ္ဆာန် သတ်ဖြတ်မှု ကန့်ကွက်သူတွေက ဆိုကြပါတယ်။ ဒီကိစ္စကို ဆန့်ကျင်သူ ဒေါက်မော်ဆိုသူက အွန်လိုင်းကနေ ကန့်ကွက်ကြောင်း အများလက်မှတ်ကောက်ခံမှု ပြုလုပ်ခဲ့ရာမှာ ၂၄ နာရီ အတွင်းမှာပဲ ထောက်ခံသူ ၁၃,၀၀၀ ကျော် ရှိခဲ့ပါတယ်။