News

POST TYPE

ALSO IN NEWS

မက္ကဆီကို မြို့နယ် အုပ်ချုပ်ရေးမှူး မိကျောင်းမနဲ့ လက်ထပ်
04-Jul-2017
မက္ကဆီကိုနိုင်ငံ ငါးဖမ်းမြို့လေးတစ်မြို့ရဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးဟာ မိကျောင်းမ တစ်ကောင်နဲ့ လက်ထပ် ထိမ်းမြားခဲ့ပါတယ်။ မြို့လေးရဲ့ စီးပွားဥစ္စာ ပေါကြွယ်ဝစေဖို့အတွက် ထုံးတမ်း အစဉ်အလာအဖြစ် မြို့ခေါင်းဆောင်က မိကျောင်းနဲ့ လက်ထပ်ရတာ ဖြစ်ပါသတဲ့။ ဆန်ပက်ဒရိုဟွာမီလူလာမြို့ရဲ့ အုပ်ချုပ်ရေးမှူး ဗစ်တာ အော်ဂလီယာဟာ သူ့ရဲ့ တွားသွားသတ္တဝါ သတို့သမီးနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ချိုတာလီစ်နဲ့ ဟွာဗက်စ်မျိုးနွယ်စု နှစ်စုရဲ့ ချစ်ကြည်ရေး သင်္ကေတအဖြစ် အဲဒီဓလေ့ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ မျိုးနွယ်စုနှစ်စုက မင်းသားနဲ့ မင်းသမီးလေးတို့ ချစ်ခင်စုံမက် လက်ထပ်ကြတဲ့ ဒဏ္ဍာရီဖြစ်ပါသတဲ့။ မြို့နယ် အုပ်ချုပ်ရေးမှူးဟာ ချိုတာလီစ်မျိုးနွယ်စုရဲ့ မင်းသားနေရာက အခမ်းအနားမှာ ပါဝင်ရတာဖြစ်ပြီး မိကျောင်းမလေးကတော့ ဟွာဗက်စ် မင်းသမီးဖြစ်ပါသတဲ့။ မြို့လေး ဆန်ပက်ဒရိုရဲ့ ကျင်းပနေကျ စိန့်ပီတာပွဲရဲ့ အစိတ်အပိုင်းအဖြစ် မြို့ခေါင်းဆောင်ရဲ့ ထိမ်းမြားမင်္ဂလာပွဲလည်း ပါဝင်ခဲ့တာ ဖြစ်ပါသတဲ့။

F-02


  • VIA