News

POST TYPE

ALSO IN NEWS

လမ်းဘေးဆိုင်းဘုတ် ၅၀ဝ ခိုးယူစုဆောင်းတဲ့သူ ရဲက ဖမ်းဆီးအရေးယူ
01-Jul-2017
အမေရိကန် ပြည်ထောင်စု အိုဟိုင်း အိုးပြည်နယ် ကလိလန်းဒ်ဒေသက ရဲတွေဟာ လမ်းဘေးက ကြော်ငြာနဲ့လမ်းညွှန် ဆိုင်းဘုတ်ပေါင်း ၅၀ဝ ကို ခိုးထားမှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး အရေးယူထားပါတယ်။

အဆိုပါ ဆိုင်းဘုတ်တွေကြောင့် ယာဉ်မောင်းသူတွေ စိတ်အာရုံ ထွေပြားစေတာမို့ ခိုးရတာဖြစ်ပါတယ်လို့ ဖမ်းခံရသူ ဂျွန်ဟိုဇယ်က ပြောကြားပါတယ်။

မြို့နယ်က လမ်းမတွေပေါ်က ဆိုင်းဘုတ်တွေ ပျောက်နေတယ်လို့ တိုင်တောမှုတွေ ယခုကာလအတွင်း မြင့်မားနေတယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

အသက် ၆၂ နှစ်အရွယ် ဂျွန်ဟိုဇယ်က ဆိုင်းဘုတ်တစ်ခုကို ယူနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ရဲတွေက ဟိုဇယ်ရဲ့အိမ်ကို ဝင်ရောက် ရှာဖွေခဲ့ရာမှာ ဆိုင်းဘုတ် ၅၀ဝ ကျော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၅၅၀ဝ ဖိုး လောက်ရှိပါတယ်။ ဆိုင်းဘုတ် အများစုဟာ မြို့တာဝန်ရှိသူများထံမှ ခွင့်ပြုချက်နဲ့ ထောင်ထားတာဖြစ်ပါသတဲ့။

F-02


  • VIA