News

POST TYPE

ALSO IN NEWS

ကမ္ဘာ့လူအများဆုံး ဟယ်ရီပေါ်တာ လူအုပ်ကြီးအဖြစ် စံချိန်ချိုး
29-Jun-2017
ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ဟာ “ဟယ်ရီပေါ်တာနှင့် ပြဿဒါးရှင်လုံး”ဝတ္ထု ပထမဆုံး ထွက်လာတဲ့ အနှစ် ၂၀ ပြည့် နှစ်ပတ်လည်ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ ဘော်တန်မြို့မှာ အဲဒီနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဟယ်ရီပေါ်တာလို ဝတ်ဆင်ထားတဲ့ “အများပြားဆုံး လူအုပ်ကြီး”ဆိုတဲ့ စံချိန်ဖြစ်ပါသတဲ့။ အနီးအနားဒေသမှာရှိတဲ့ ကလေးတွေဟာ ဟယ်ရီပေါ်တာ တက်ခဲ့တဲ့ ဟော့ဂ်ဝက်စ်ကျောင်းက ကျောင်းဝတ်စုံတွေ ဝတ်လာပြီး စံချိန်ချိုးရာမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ မျက်မှန် အဝိုင်းလေးတွေတပ်၊ နှင်တံတစ်ချောင်းနဲ့ နဖူးမှာ အနာရွတ်အတုကိုလည်း ရေးဆွဲထားတဲ့ ကလေးငယ် ၆၀ဝ ကျော်ဟာ ဒီလှုပ်ရှားမှုထဲမှာ ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘော်တန်ပြတိုက်၊ စာကြည့်တိုက်နဲ့ မူလတန်းကျောင်း ၁၁ ကျောင်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ အခမ်းအနားဖြစ်ပြီး အတိအကျဆိုရရင် ကလေး ၆၇၆ ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်ကလည်း ဒီလိုစံချိန်ချိုးဖို့ လုပ်ခဲ့ဖူးပြီး ကလေးငါးရာကျော်ပဲ ပါခဲ့တာမို့ အခု ဘော်တန်ဟယ်ရီပေါ်တာတွေက စံချိန်တင်ခဲ့တာပါ။ ဟယ်ရီပေါ်တာရဲ့ ပထမဆုံးစာအုပ် နှစ်ပေါင်း ၂၀ ပြည့်တဲ့ အခမ်းအနားကို တစ်ကမ္ဘာလုံးမှာ နည်းမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။

F-02


  • VIA