News

POST TYPE

ALSO IN NEWS

အပ်ထည့်ပစ်တဲ့ ကစားစရာဒူးလေးအရုပ် တရုတ်မှာ ခေတ်စား၊ မိဘတွေ အထူးစိုးရိမ်
27-Jun-2017

သွားကြားထိုးတံတွေ၊ အပ်တွေ ထည့်ပစ်ရတဲ့ ကစားစရာ ဒူးလေးလက်နက်အရုပ် သင့်ကလေးလက်ထဲ ရောက်နေတယ်ဆိုရင် ရင်တမမနဲ့ စိတ်ပူနေရမှာ အမှန်ပါပဲ။ အဲဒီအရုပ်ဟာ တရုတ်နိုင်ငံ ကလေးတွေကြားမှာ အလွန် ခေတ်စားနေပြီး မရှိမဖြစ် အရုပ်လိုဖြစ်နေတော့ မိဘတွေနဲ့ ဆရာ ဆရာမတွေခမျာ အိပ်မက်ဆိုးပါပဲ။ လက်တစ်ဝါးစာပဲရှိတဲ့ ဒီအရုပ်ကို မရောင်းရဘူးလို့ ရှန်ဇန်းနဲ့ ကွင်ဒေါင်မြို့တွေမှာ ပိတ်ပင်လိုက်ပါပြီ။ အရုပ်ကလည်း ဈေးပေါပြီး အအေးဘူး၊ ပန်းသီး၊ စာရေးသင်ပုန်း စတဲ့နေရာတွေမှာ စိုက်နိုင်ပါတယ်။ မကာအိုမှာဆိုရင် ဒီဒူးလေးအရုပ်ကို ကိုင်ဆောင် အသုံးပြုတာဟာ ရာဇဝတ်မှုဖြစ်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။ ဒဏ်ရာ ကြီးကြီးမားမား ရသွားတယ်ဆိုတဲ့ သတင်းတော့ ထွက်မလာသေးပါဘူး။ ဒီအရုပ်ကို ပိတ်ပင်မယ်ဆိုတဲ့ သတင်းကိုတော့ တိုင်းပြည်အနှံ့ လူမှုကွန်ရက် မီဒီယာတွေမှာ ထောက်ခံနေကြပါတယ်။ ကလေးတွေ မျက်စိထိကုန်မှာစိုးလို့ ပိတ်ပင်ရမယ်လို့ တစ်ဦးတစ်ယောက်က လူမှုကွန်ရက် မီဒီယာပေါ် တက်ရေးထားပါတယ်။ တီထွင်တဲ့သူက ဘယ်လိုတွေးပြီး ထွင်သလဲမသိဘူးလို့ ပြစ်တင်နေကြပါတယ်။

F-02



  • VIA