News

POST TYPE

ALSO IN NEWS

ဗြိတိန်ဘုရင်မကြီး ထိုင်ခုံခါးပတ် မပတ်လို့ တာဝန်သိ ပြည်သူတစ်ဦးက ရဲကို ဖုန်းဆက်တိုင်
25-Jun-2017
အင်္ဂလန်နယ် ယော့ရှိုင်းယားဒေသခံတစ်ဦးက ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ အများပြည်သူရှေ့ကို ကားစီးရင်း အဖူးမြော်ခံနေစဉ်မှာ ထိုင်ခုံခါးပတ် မပတ်ထားဘူးလို့ ရဲကို ဖုန်းဆက်တိုင်ခဲ့ပါတယ်။ အရေးပေါ် ဖုန်းဝင်လာပြီးတော့ ဘုရင်မကြီးဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်နေတယ်လို့ တစ်ယောက်က တိုင်သွားပါတယ်လို့ ယော့ရှိုင်းယားရဲဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပွဲဟာ ဝက်စ်မင်နင်စတာ နန်းတော်နားမှာ ပြုလုပ်တာဖြစ်ပြီး ယော့ရှိုင်းယားနယ်မှာ မဟုတ်ဘူးလို့ ရဲက မှတ်ချက်ပြုထားပါတယ်။ ပြည်သူကို မိန့်ခွန်းပြောပြီးနောက် ဘုရင်မကြီးက ပြန်လည် ထွက်ခွာသွားချိန်မှာ ထိုင်ခုံခါးပတ် မပတ်ခဲ့တာကြောင့် လူတစ်ဦးက တိုင်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်မှာ ကားစီးသူဟာ ထိုင်ခုံခါးပတ် မပတ်ခဲ့ရင် ဒဏ်ငွေ ချခံရနိုင်ပါတယ်။ ဘုရင်မကြီးကိုတော့ အရေးမယူခဲ့ဘဲ၊ အရေးပေါ်ဖုန်းနဲ့ ရဲကို လှမ်းတိုင်တဲ့သူက ဟာသလုပ်တာ ဖြစ်ပါလိမ့်မယ်လို့ ရဲက ဆိုထားပါတယ်။ ရဲအရေးပေါ်ဖုန်းနံပါတ်ကို ဖုန်းဝင်လာတိုင်း အရေးပေါ်ကိစ္စ မဟုတ်ဘူးလို့ ရဲအရာရှိကြီးက ဆိုပါတယ်။

F-02


  • VIA