News

POST TYPE

ALSO IN NEWS

လူသုံးသိန်းစုပြီး ယောဂကစားကာ စံချိန်တင်
22-Jun-2017

အိန္ဒိယနိုင်ငံမှာ လူသုံးသိန်းနီးပါး စုဝေးကာ နိုင်ငံတကာ ယောဂနေ့ အထိမ်းအမှတ် ယောဂစုကျင့်ကာ စံချိန်ချိုးခဲ့ကြပါတယ်။ အဟမ်ဒါဘက်မြို့မှာ ပြုလုပ်တဲ့အဲဒီပွဲရဲ့  ဓာတ်ပုံတစ်ပုံကို ယောဂဂုရုဘာဘာရမ်ဒက်ဗ်က Twitter မှာ မျှဝေခဲ့ပါတယ်။

သိန်းပေါင်းများစွာသော ယောဂီတွေဟာ ကမ္ဘာ့လူအများဆုံး ယောဂစုကျင့်ကြခြင်းဆိုတဲ့ ဂရင်းနစ်စံချိန်ချိုးဖို့အတွက် အဟမ်ဒါဘက်မှာ စုဝေးခဲ့ကြပါတယ်လို့ ဂုရုကြီးက ရေးထားပါတယ်။ အိန္ဒိယနိုင်ငံဟာ သူတို့ဆီက အခြေတည်ခဲ့တဲ့ ယောဂကျင့်စဉ်ကို တစ်ကမ္ဘာလုံးကို ပျံ့နှံ့စေဖို့ ယဉ်ကျေးမှုတစ်ရပ်အဖြစ် ဖြန့်ချိဖို့ ကြိုးစားနေပါတယ်။ ဂုရုရမ်ဒက်ဗ်ကလည်း အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါကို ခရီးဆက်ဦးမှာဖြစ်ပြီး ယောဂအကြောင်းကို ဖြန့်ချိမှာဖြစ်ပါသတဲ့။ အစိုးရနဲ့ပူးပေါင်းပြီး အခမဲ့ ယောဂ စတူဒီယိုတွေ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဂရင်းနစ် စံချိန်အဖွဲ့ကတော့ လူသုံးသိန်းစုဝေး ယောဂကစားတာကို ကမ္ဘာ့စံချိန်တစ်ရပ်အဖြစ် အတည်ပြုပေးလိုက်ပါပြီတဲ့။

F-02


  • VIA