News

POST TYPE

ALSO IN NEWS

အီဂျစ်ရုပ်သံ တင်ဆက်သူတွေ ဝိတ်ချရမယ်လို့ အစိုးရ ရုပ်သံလိုင်း အမိန့်ထုတ်
18-Aug-2016 tagged as

အီဂျစ်အစိုးရ ရုပ်မြင်သံကြားဟာ အစီအစဉ် တင်ဆက်သူ ရှစ်ဦးကို ဝလို့ဆိုပြီး တာဝန်က ခဏ အနားပေးထားကာ ဝိတ်ချခိုင်း နေတာကြောင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများရဲ့ ဒေါသတစ်ကြီး တုန့်ပြန်မှုတွေ ကြုံနေရပါတယ်။

သင့်တင့်တဲ့ ရုပ်ပုံနဲ့ ပြန်ပြီး အစီအစဉ် တင်ဆက်နိုင်ဖို့ရာ ဝိတ်ချမှဖြစ်မယ်လို့ အီဂျစ်ရုပ်မြင်သံကြားဌာနက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

Egyptian Radio and Television Union ဌာနရဲ့ ညွှန်ကြားရေးမှူးဟာ အမျိုးသမီး တစ်ဦးဖြစ်ပြီး ဆာဖာဟီဂါဇီလို့ အမည်ရပါတယ်။ သူမ ကိုယ်တိုင်းလည်း ယခင်က သတင်းကြေညာသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ယခုလို ကြေညာချက် ထွက်လာတာကြောင့် အစီအစဉ် ကြေညာသူ လောကမှာလည်း မကျေမနပ် တုံ့ပြန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူမကို အလုပ်ကနေ နားစေချင်ရင် နောက်ဆုံး ရုပ်သံလိုင်းမှာ သူတင်ဆက်ခဲ့တဲ့ ရုပ်ကို ပြည်သူတွေကိုပြပြီး ပြည်သူတွေက ဝတုတ်မကို မလိုချင်ဘူးလို့ ပြောမှ နားတာမျိုး ဖြစ်သင့်တယ်လို့ Channel 2 က ရုပ်သံတင်ဆက်သူ ခါဒီဂျာခါတက်က ပြောကြားခဲ့ပါတယ်။

အမျိုးသမီးရေးရာ လမ်းညွှန်ရေးနှင့် ဥပဒေပညာပေးဌာန WCALA အဖွဲ့အစည်းက အစိုးရ ရုပ်သံလိုင်းရဲ့ ယခုလို ထုတ်ပြန်မှုကို ရှုတ်ချလိုက်ပါတယ်။ ယခုလို အမိန့်ပေးမှုဟာ အခြေခံဥပဒေကို ချိုးဖောက်နေတာ ဖြစ်ပြီးတော့ အမျိုးသမီးတွေကို ဦးတည် အကြမ်းဖက်မှု ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ 

ဘယ်လိုပဲ ဝေဖန်မှုတွေ ရှိပါစေ အစိုးရ ရုပ်သံလိုင်းများ ဌာနကတော့ ဆုံးဖြတ်ချက်ကို ပြင်ဆင်မှာ မဟုတ်ဘူးလို့ ဆိုထားပါသေးတယ်။

ရုပ်သံလိုင်းတွေ အနေနဲ့ တင်ဆက်သူတွေရဲ့ ရုပ်ရည်ထက် ဘာတွေ တင်ဆက်မယ် ဆိုတာကို အာရုံစိုက်သင့်ကြောင်း အီဂျစ် စာရေးဆရာနဲ့ ပညာရှင်ဖြစ်သူ ဝါဟိအဗ္ဗဒူမာဂျစ်က ပြောကြားခဲ့ပါတယ်။

Ref : UPI

  • VIA
  • TAGS