News

POST TYPE

ALSO IN NEWS

သွားစားကြမလား အင်ဒိုနီးရှားက အိမ်သာ စားသောက်ဆိုင်တဲ့
17-Aug-2016

အင်ဒိုနီးရှား နိုင်ငံဆိုတာ မတူခြားနားတဲ့ မျိုးနွယ်စုတွေနဲ့ အမျိုးမျိုး အဖုံဖုံသော အရသာရှိတဲ့ အစားအသောက်တွေကြောင့် နာမည်ကြီးပါတယ်။ ဒါပေမဲ့ အဲဒီတိုင်းပြည်က စားသောက်ဆိုင် တစ်ဆိုင်ကတော့  နိုင်ငံအတွင်းက ဘယ်သူနဲ့မှ မတူလောက်ပါဘူး။

The Jamban Café လို့ အမည်ရတဲ့ ဆိုင်က အိမ်သာခွက်တွေထဲမှာ ဟင်းလျာတွေကို ထည့်ပြီး ပြထားပါတယ်။ စားသောက်သူတွေက အိမ်သာကြွေခွက် ဟင်းခွက်တွေ ရှေ့မှာထိုင်ပြီး စားကြရတာပါတဲ့။ ကိုယ်စားမယ့် အာဟာရတွေကို ဟိုဟာတွေလို့ သွားမြင်နေတတ်သူတွေ သွားစားလို့တော့ သိပ်သင့်တော်မယ့် ဆိုင် မဟုတ်ပါဘူး။ ခုလိုမျိုး ထွင်ရတာဟာ နောက်ကွယ်မှာ ရည်ရွယ်ချက် ရှိပါတယ်လို့ ဆိုင်က တာဝန်ရှိသူတွေက ပြောကြား ကြပါတယ်။

အစိုးရအနေနဲ့ မိလ္လာသန့်စင် စနစ်ကို ပိုကောင်းအောင် ပြုပြင်ပေးဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ ပြောတာပါ။  အဲဒီ စားသောက်ဆိုင်ဟာ ဆီမာရန်ဒေသမှာ ရှိပြီးတော့ အချက်အပြုတ် လက်ရာကတော့ ကောင်းတယ်လို့ BBC သတင်းက ဆိုထားပါတယ်။                                                    

Ref : BBC 

  • VIA