News

POST TYPE

ALSO IN NEWS

လေးပေရှည်တဲ့ကြောင် ကမ္ဘာ့ အရပ်အရှည်ဆုံး ဖြစ်ဖွယ်ရှိ
19-May-2017 tagged as

ဩစတြေးလျနိုင်ငံက အရပ်လေးပေရှိ ကြောင်ကြီးဟာ ကမ္ဘာ့ အရပ်အရှည်ဆုံး ကြောင်ကြီးဖြစ်ဖွယ် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ အိုမာလို့ အမည်ရတဲ့ မဲဘုန်းမြို့က ကြောင်ကြီးဟာ Instagram မှာတော့ လူကြည့်များနေတဲ့ ကြောင်ထွားကြီးဖြစ်ပါတယ်။ ဂရင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ကတောင် ကြောင်ပိုင်ရှင်အနေနဲ့ ဆက်သွယ်လာဖို့ ကမ်းလှမ်းခဲ့ပါတယ်။

“ဒါဟာ တကယ်ကော ဟုတ်ပါ့မလားလို့တောင် တွေးမိတယ်”လို့ အိုမာရဲ့ ပိုင်ရှင်အသက် ၂၉ နှစ်အရွယ် စတီဖီဟစ်စ်က ပြောကြားခဲ့ပါတယ်။ အိုမာဟာ ခန္ဓာကိုယ်အလေးချိန် ၃၁ ပေါင်ရှိပြီးတော့ အရပ်က ၃ ပေနဲ့ ၁၁ လက်မရှည်ပါတယ်။ 

လက်ရှိ အရပ်အရှည်ဆုံး စံချိန်တင်ထားတဲ့ ကြောင်ကြီး လူဒို ဟာ သုံးပေနဲ့ ၁၀ ဒသမ ၅၉ လက်မ ရှိတာမို့ စံချိန်သစ်လို့ ယူဆရဖွယ် ရှိပါတယ်။ အိုမာဟာ ငယ်ငယ်က သာမန်အရွယ်သာ ရှိခဲ့ပေမယ့် တဖြည်းဖြည်း ကိုယ်အလေးချိန် ထိုးတက်လာပြီး ကြောင်ထွားကြီး ဖြစ်သွားတယ်လို့ ပိုင်ရှင်က ဆိုပါတယ်။

“သူဟာ ကမ္ဘာ့ အရပ်အရှည်ဆုံး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါအတွက် ပြင်ဆင်ထားတာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရွယ်ရောက်ဆုံးအရွယ် မဟုတ်သေးဘူး”လို့လည်း ပြောပါသေးတယ်။ 

F-02

  • TAGS