News

POST TYPE

ALSO IN NEWS

အသေကောင်ပုပ်နံ့ ထွက်တဲ့ပန်း
17-May-2017

အသေကောင်တွေရဲ့ အသားပုပ်နံ့ ထွက်နေတဲ့ပန်းတစ်မျိုး ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း သဘာဝဥယျာဉ်မှာ ပွင့်နေတယ်လို့ AP သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ လူသေအလောင်းပန်းပွင့် Corpse Flower လို့ အမည်တွင်တဲ့ ပန်းဟာ Amorphophallus Titanium ဆိုတဲ့ သိပ္ပံအမည်ရှိပါတယ်။

အဆိုပါပန်းဟာ အသားပုပ်နံ့တွေ ထွက်လေ့ရှိပြီး ဆယ်စုနှစ်တစ်စုမှာ တစ်ကြိမ်သာ ပွင့်လေ့ရှိပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်း သဘာဝစင်တာက ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ခင်းက အဆိုပါပန်း စပွင့်လာတာကို သတိထားမိတာ ဖြစ်ပါတယ်။ ပန်းဟာ တဖြည်းဖြည်း ပွင့်လာတဲ့အချိန်မှာ စုစုပေါင်း ၂၄ နာရီကနေ ၄၈ နာရီအထိ ကြာတတ်ပါတယ်။ ဒီအပင်ဟာ အမြင့်ဆုံးအားဖြင့် ၁၀ ပေလောက်အထိ ရှိပါတယ်။ အဲဒီပန်းကို အများပြည်သူတွေကို ပြသထားပါတယ်။

လူသေအနံ့ ထွက်တဲ့ အဲဒီပန်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ကျွန်းတစ်ကျွန်းကနေ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ 

F-02


  • VIA