News

POST TYPE

ALSO IN NEWS

၁၀၁ နှစ်အရွယ်ဘိုးဘိုး ကောင်းကင်ကနေ ဒိုင်ဗင်ခုန်ပြီး စံချိန်ချိုးမယ်
14-May-2017 tagged as

မစ္စတာ ဗာဒန်ဟေးယက်စ်ဆိုသူ ၁၀၁ နှစ်အရွယ် ဘိုးဘိုးဟာ ကောင်းကင်ကနေ ဖရီးဖော ခေါ် ဒိုင်ဗင်ခုန်ချတာကို ပြုလုပ်မယ်လို့ ဆိုလာပါတယ်။ ဒွန့်စ်ဝဲလ် ဒေသမှာ ပြုလုပ်မယ့် အဆိုပါ စွန့်စားမှုဟာ ရည်ရွယ်ချက် ရှိပါတယ်။ အသက် အကြီးဆုံး ကောင်းကင်ဒိုင်ဗင်သမား ဆိုတဲ့စံချိန်ကိုလည်း ချိုးပြဖို့ဖြစ်ပါတယ်။ 

အင်္ဂလန်နိုင်ငံ အရှေ့ဒီဗွန်ဒေသနားက ကျေးရွာဒေသလေးနားမှာ ပြုလုပ်မယ့် အစီအစဉ်အတွက် ဘိုးဘိုးရော ကူညီနေသူတွေပါ ရင်ခုန်နေကြပါပြီ။ ရာကျော် ဘိုးဘိုးဟာ အဝါရောင်တောက်တောက် ဒိုင်ဗင်ဝတ်စုံကိုဝတ်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ သူဟာ အသက် ၁၀ဝ ပြည့်တဲ့နှစ်တုန်းကလည်း တစ်ကြိမ် ကောင်းကင်ဒိုင်ဗင် ခုန်ခဲ့ပါသေးတယ်။

F-02

  • TAGS