News

POST TYPE

ALSO IN NEWS

နားရွက်ထဲ ပါးစပ်ရောက်နေတဲ့ ဗီဇထူးကဲတဲ့ သိုးတစ်ကောင်
13-May-2017 tagged as

သိုးမွေး ရိတ်နေတဲ့အချိန်မှာ မိမိသိုးရဲ့ နားရွက်ထဲမှာ ပါးစပ်ပေါက်ကို တွေ့လိုက်ရတဲ့ မွေးမြူရေးသမား သိုးထိန်းဟာ ထိတ်လန့်သွားခဲ့ပါတယ်။

အဆိုပါ နားရွက်ထဲက ပါးစပ်မှာ သွားနဲ့ တံတွေးတွေကိုလည်း တွေ့ရတယ်လို့ Mirror သတင်းက ဗီဒီယိုနဲ့တကွ ဖော်ပြထားပါတယ်။

တူရကီနိုင်ငံ အလယ်ပိုင်း ဂါဇီယန်တက်ပြည်နယ်မှာ မွေးမြူရေးသမား အလီဒူမန်က သိုးမွေးရိတ်နေရင်းနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းကတော့ မတော်တဆ သိုးရဲ့နားရွက်နားကို ညှပ်မိတာလို့ ထင်ခဲ့မိတယ်လို့ အလီက ဆိုပါတယ်။

သေသေချာချာ နားရွက်ထဲကို ဖြဲကြည့်တော့မှ ပါးစပ်ဖြစ်နေကြောင်း သိလိုက်ရပါသတဲ့။

တွေ့တွေ့ချင်းမှာတော့ အင်မတန် ကြောက်လန့်သွားခဲ့တယ်လို့ အဆိုပါ သိုးထိန်းက ဆိုပါတယ်။          

F-02

  • TAGS