News

POST TYPE

ALSO IN NEWS

မက္ကဆီကိုက တင်ပို့တဲ့ အာလူးကြော်တွေထဲမှာ ကိုကင်း ဒေါ်လာ ၁၉ သန်းဖိုး ဖမ်းမိ
11-May-2017 tagged as

အမေရိကန် ပြည်ထောင်စု တက္ကဆက်လုံခြုံရေးဌာနဟာ ဒေါ်လာ ၁၉ သန်းဖိုး ကိုကင်းတွေကို  မက္ကဆီကန် အာလူးကြော် သင်္ဘောတင်သွင်းတဲ့ အထုပ်ထဲကနေ ဖမ်းမိခဲ့ပါတယ်။ အလေးချိန် ၃၂၃ ပေါင်လေးတဲ့ ကိုကင်းအထုပ်တွေကို ဂိုဒေါင်ထဲကနေ ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂျီးဆပ်ဆယ်ဗေဒေါ ဂွန်ဇာ လက်မန်ဒိုဇာနဲ့ အသက် ၂၆ နှစ်အရွယ် ဟန်နန်ဟာလီမီနာရီရဲလ်တို့ကို ဖမ်းဆီးထားပါတယ်။

အားလူးကြော်လုပ်ငန်းဟာ တက္ကဆက်ပြည်နယ်မှာ တရားဝင် တည်ထောင် လုပ်ကိုင်နေတဲ့ လုပ်ငန်းလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ အထူးအေးဂျင့်တွေဟာ ဂိုဒေါင်ကို ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး တရားခံလို့ ယူဆရသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အားလူးကြော်ထုပ်တွေကို ဖွင့်ဖောက် စစ်ဆေးပြီးတော့ နောက်ဆုံးမှ ကိုကင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါသတဲ့။ 

F-02

  • TAGS