News

POST TYPE

ALSO IN NEWS

အိန္ဒိယက ရော်ဘာလူသား
10-May-2017 tagged as

ယက်ရှ်ရှားလို့ အမည်ရှိတဲ့ အသက် ၁၈ နှစ်အရွယ် အိန္ဒိယသား လူငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ် ပျော့ပျောင်းချက်ကတော့ ၃၆၀ ဒီဂရီလောက်ကို ချိုးလို့ ရပါတယ်။ လက်ချောင်းတွေနဲ့ လည်ပင်းကိုတောင် ရေပြင်ညီအတိုင်း ချိုးပြလို့ ရအောင်ကို ပျော့ပျောင်းပါသတဲ့။

“ကျွန်တော် လည်ပင်းကို ၁၈၀ ဒီဂရီအထိ လှန်ချိုးပြနိုင်ပါတယ်။ ကျွန်တော့် လက်တွေ၊ ခြေထောက်တွေကို နေရာပြောင်းနိုင်ပါတယ်”လို့ ယက်ရှ်က ပြောပါတယ်။

သူ့ကို ခုဆိုရင် ရော်ဘာလူသားလို့တောင် နာမည်ပြောင် ပေးထားပါတယ်။

တင်းနစ်ရိုက်တဲ့ ဘက်တံအချောင်းရဲ့ အပေါက်ထဲကို ခန္ဓာကိုယ် ဝင်ဆန့်အောင် လုပ်နိုင်တာတော့ အတော် ဆန်းကြယ်တယ်လို့ ဆိုရပါမယ်။

ရော်ဘာလူသားရဲ့ မိခင် ကာမီနီရှားကတော့ ယက်ရှ်ရဲ့ ခန္ဓာကိုယ် ပျော့ပျောင်းမှုကို ဘုရားပေးတဲ့ဆုလို့ ပြောကြားပါတယ်။

“ယက်ရှ်ဟာ တခြားကလေးတွေနဲ့ မတူပါဘူး။ သူ့ခန္ဓာကိုယ်ကို ကြိုက်တဲ့ ဦးတည်ဘက်ကို ပြောင်းလို့ ရပါတယ်။ ဒါဟာ ဘုရားပေးတဲ့ ဆုပါပဲ”လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

F-02

  • TAGS