News

POST TYPE

ALSO IN NEWS

ဒေါ်နယ်ထရမ့်ကြောင့် သမီးရည်းစားနဲ့ လင်မယားကွဲ
09-May-2017 tagged as ဒေါ်နယ်ထရမ့်

စုံတွဲတွေ ပြတ်တောက်ကြရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ ငွေရေး ကြေးရေး၊ အလုပ်အကိုင်၊ မိသားစုအရေး ကိစ္စတွေ အစရှိသဖြင့်ပေါ့လေ။ အကြောင်း မျိုးစုံထဲမှာ သမ္မတဆိုတာလည်း ပါလာပါပြီ။ သင်ကြည့်လို့ မရတဲ့၊ ရွံမုန်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ကို သင့်ချစ်သူက အလွန်အမင်း သဘောကျ နှစ်ခြိုက်နေတယ်ဆိုရင် ဒီကိစ္စက သင်တို့ အချစ်ဇာတ်လမ်းကို ထိခိုက်လာပါပြီ။ အမေရိကန် အခြေစိုက် Wakefield Research ရဲ့ တွေ့ရှိချက်အရ စုံတွဲ ၁၀ တွဲမှာ တစ်တွဲဟာ သမ္မတထရမ့်နဲ့ ပတ်သက်ပြီး အမြင်မတူ သဘောကွဲလွဲရာကနေ ဆက်ဆံရေး ထိခိုက်နေရပါသတဲ့။ လူငယ်စုံတွဲတွေမှာ ဒီပြဿနာက ပိုကြီးကြတာ ဖြစ်ပါတယ်။ စုံစမ်း သတင်းရယူခဲ့တဲ့ လူငယ် အတွဲတွေရဲ့ ပြတ်တောက်မှု ၂၂ ရာခိုင်နှုန်းက အဲဒီနိုင်ငံရေးသမားနဲ့ နိုင်ငံရေးအမြင်ကြောင့် ဖြစ်ပါသတဲ့။ 

“မတူတဲ့အမြင်တွေကို အသည်းအသန် ငြင်းခုံကြတာဟာ သူစိမ်းတွေ သာမက သူငယ်ချင်း အချင်းချင်းကြားပါ ကွဲကွာစေနိုင်ပါတယ်။ ခုလို အမြင်မတူကြတဲ့ ကိစ္စတွေဟာ အမေရိကန် အိမ်ထောင်ရေးတွေနဲ့ အချစ်ဇာတ်လမ်းတွေမှာပါ ထိခိုက်မှု ရှိလာပါပြီ”လို့ Wakefield က ရေးသားဖော်ပြထားသည်။   

F-02