News

POST TYPE

ALSO IN NEWS

အီရတ်မှ ဒုက္ခသည် စခန်းများတွင် Refugees Got Talent ပြိုင်ပွဲပြုလုပ်
16-Aug-2016
Got Talent ပြိုင်ပွဲနဲ့ ဆက်စပ် ပြိုင်ပွဲတွေကို ကမ္ဘာအနှံ့မှာ ပြုလုပ်ကြရာမှာ မိမိတို့ ကျွမ်းကျင်တဲ့ အရာတွေနဲ့ စွမ်းရည်တွေ ပြသကြပြီးတော့ ပရိသတ်လည်း အခိုင်အမာ ရရှိထားတဲ့ပြိုင်ပွဲတွေ ဖြစ်ပါတယ်။

ခုလိုမျိုး အလားတူ အစီအစဉ် တစ်ခုကို အီရတ်က စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေမှာ ပြုလုပ်ခဲ့ပြီးတော့ Refugees Got Talent အမည်နဲ့ ကျင်းပခဲ့ကြ ပါတယ်။ ကာ့ဒ်တပ်ဖွဲ့တွေကို ဂုဏ်ပြုပြီး ဆိုထားတဲ့ ခံစားချက်ပါတဲ့ သီဆိုဟန်နဲ့ သီချင်းတစ်ပုဒ်ကို ဆီးရီးယား ဒုက္ခသည် မစ်ဇ်ဂင်ရူမီက ရှက်ရွံ့စွာ သီဆိုလိုက်ပုံ ကလေးက ပရိသတ်ရဲ့အာရုံကို သိမ်းပိုက် သွားနိုင်ခဲ့ပါတယ်။

အာဘတ် ဒုက္ခသည်စခန်းမှာ ပြုလုပ်တဲ့ဒီပွဲမှာ အသက် ၁၉ နှစ်အရွယ် ရူမီဟာ ပြိုင်ပွဲဝင်၁ဝ ဦးအနက် တစ်ဦးဖြစ်ပါတယ်။

အဆိုပါ ဒုက္ခသည်စခန်းဟာ အီရတ် မြောက်ပိုင်း ကာဒ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာရှိပြီးတော့ နောက်ဆုံး ဗိုလ်လုပွဲမှာ တင်ဆက် သွားကြသူ အားလုံး အလွန် ထူးချွန်ကြပါတယ်။

ကျွမ်းကျင်သူ ဂီတသမားတွေ ကိုယ်တိုင ်တီးခတ်တဲ့ တေးဂီတဝိုင်းနဲ့ ဖျော်ဖြေထားတဲ့ ဒီတင်ဆက်မှုကို အားလုံးက နှစ်ထောင်းအားရ ကျေနပ်ကြပါသတဲ့။

ဗြိတိန်ဂီတသမား ဆင်မွန်ကွန်ဝဲလ် ပြုလုပ်တဲ့ Got Talent ရဲ့ အသိအမှတ်ပြု ဒီပွဲဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်တာ ဖြစ်ပါတယ်။

ရူမီကိုဒိုင် လေးဦးလုံးက သူတို့ အကြိုက်ဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကြပြီး ဆီးရီးယား ဒုက္ခသည်၇၅ဝဝ ခန့်ဟာ ပိတ်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

ဒီလိုပျော်စရာ မြင်ကွင်းမျိုးက မမြင်ရတာ ကြာပါပြီ။

Ref : UPI


  • VIA