News

POST TYPE

ALSO IN NEWS

တရုတ်မှာ လူခြောက်ဦးပဲ စီးရတဲ့ကားပေါ် လူ ၄၀ တင်လာသတဲ့
07-May-2017 tagged as

တရုတ်နိုင်ငံက ရဲတွေဟာ ခပ်နှေးနှေး မောင်းလာတဲ့ ဗင်ကားကိုတွေ့ပြီး လူတွေကို ဆင်းခိုင်းလိုက်တဲ့အခါ ထိတ်လန့်သွားခဲ့ရပါတယ်။ လူခြောက်ဦးသာ စီးရမယ့်ကားပေါ်ကို လူ ၄၀ တင်လာပါသတဲ့။ ဧပြီလ ၃၀ ရက်နေ့က ထွက်ရှိလာတဲ့ ဒီဗီဒီယိုဖိုင်ဟာ ချုံကင်းမြို့က တကယ့် အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဗင်ကားကို ရဲက ရပ်စေတဲ့အခါ ကားထဲကနေ ဆောက်လုပ်ရေးလုပ်သား ဝတ်စုံတွေနဲ့ ထွက်လာလိုက်တဲ့လူတွေဟာ စုစုပေါင်း ၄၀ တောင်ရှိပါတယ်။ အတိအကျ ဆိုရရင် အမျိုးသမီးတစ်ဦး အမျိုးသား ၃၉ ဦး ဖြစ်ပါတယ်။ ခုံတွေကိုဖြုတ်ပြီး လူတွေကို ဆန်အိတ်လို စီပြီး ထည့်လာကြတာ ဖြစ်ပါသတဲ့။ အလုပ်သမားတွေဟာ အနီးအနားက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သွားကြတာ ဖြစ်ပါတယ်။

F-02

  • TAGS