News

POST TYPE

ALSO IN NEWS

ခရီးဆောင်အိတ်ထဲ ငှက်အကောင် ၉၃ ကောင် ထည့်ပြီး ခိုးသွင်းဖို့ ကြံသတဲ့
06-May-2017 tagged as

လော့အိန်ဂျလိစ် လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ဗီယက်နမ်အနွယ် အမျိုးသားတစ်ဦးရဲ့ အိတ်ထဲမှာ ငှက်အကောင် ၉၃ ကောင် ပါလာပြီး အကောင် ငါးဆယ်က အသက်ရှင်လျက် ရှိသေးတယ်လို့ UPI သတင်းက ဆိုပါတယ်။

အမေရိကန် အကောက်ခွန် ဝန်ထမ်းတွေနဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အဆိုပါ အမေရိကန် နိုင်ငံသား ဗီယက်နမ် အမျိုးသားရဲ့ ခရီးဆောင်အိတ်ကြီးထဲက အကောင်လေးတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ ဟိုချီမင်းစီးတီး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် အကောင်လေးတွေကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ 

အိတ်ကို ဓာတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါ ပုံမှန် မဟုတ်တာကို စစ်ဆေးတွေ့ရှိရပါတယ်။

အမေရိကန်ကို ရောက်ရောက်ချင်း အိတ်ထဲမှာ ငှက်အကောင် ငါးဆယ်လောက် အသက်ရှင်နေသေးပြီးတော့ နောက်ဆုံးတော့ ရှစ်ကောင်သာ ရှင်သန်ပါသတဲ့။ 

သူယူလာတဲ့ ငှက်တွေထဲက အချို့ဟာ နိုင်ငံတကာ ဥပဒေနဲ့ အကာအကွယ် ပေးထားတဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် သယ်ယူလာသူကို ဖမ်းဆီး အရေးယူထားခဲ့ပါပြီ။                        

F-02

  • TAGS