News

POST TYPE

ALSO IN NEWS

ဇိမ်ခံနျူကလီးယား ဗုံးခိုကျင်း တည်ဆောက်ရေးလုပ်ငန်း အလုပ်ဖြစ်
04-May-2017 tagged as


နျူလက်နက် ကိုင်ဆောင်ထားတဲ့ နိုင်ငံကြီးတွေ အချင်း များနေကြတော့ ပြည်သူတွေ မျက်ခုံးလှုပ်ကြတာ ဆန်းတော့ မဆန်းလှပါဘူး။ ပိုက်ဆံ တတ်နိုင်သူတွေအဖို့တော့ ခြံဝန်းထဲမှာ နျူကလီးယားဒဏ်ခံ ဗုံးခိုကျင်း ဆောက်ထားလို့ အမှား မရှိဘူးလို့ ယူဆကြမှာပါပဲ။ ဒါကို ကြိုမြင်တဲ့ စီးပွားရေးသမားကတော့ နျူကလီးယား ဒဏ်ခံ ပစ္စည်းပစ္စယ အစုံအလင် ဇိမ်ခံဗုံးခိုကျင်းတွေ တည်ဆောက်ပေးတဲ့ လုပ်ငန်းကို ထူထောင်ထားပါတယ်။ Atlas Survival လို့ အမည်ရတဲ့ အဆိုပါလုပ်ငန်းကို တည်ထောင်သူကတော့ ရွန်ဟက်ဘတ်လို့ အမည်ရပါတယ်။ သူ့ရဲ့ နျူကလီးယားဒဏ်ခံ မြေအောက်ဗုံးခိုကျင်း တည်ဆောက်တဲ့ လုပ်ငန်းကို စိတ်ဝင်စားလို့ တယ်လီဖုန်းခေါ်ဆို စုံစမ်းမှုတွေ ပြုလုပ်နေကြတယ်လို့ မီဒီယာကို ပြောကြားထားပါတယ်။

“အမေရိကန်က မြောက်ကိုရီးယားကိုတိုက်ပြီ ဆိုတာမျိုးက မနက်ဖြန်သတင်းထဲမှာ ပါလာနိုင်တာပဲ။ ဒီအချိန်ဟာ တကယ့် ခြိမ်းခြောက်မှုတွေ မြင်နေရတဲ့ ကာလပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ဖောက်သည်တွေရဲ့ တယ်လီဖုန်းခေါ်ဆိုမှုဟာ နှစ်ဆကျော်လောက် မြင့်လာတယ်လို့ လုပ်ငန်းရှင်က ဆိုပါတယ်။

F-02

  • TAGS