News

POST TYPE

ALSO IN NEWS

ဒေါ်လာ ၁ ဒသမ ၄ သန်းတန်တဲ့ Darth Vader ရွှေမျက်နှာဖုံး ဝယ်ကြဦးမလား
02-May-2017 tagged as

သင်သာ Star Wars ပရိသတ်တစ်ယောက် ဖြစ်ပြီးတော့ ငွေလည်း တော်တော်ပေါနေတယ် ဆိုရင်တော့ ဂျပန်မှာ အခွင့်အရေးတစ်ရပ် ပေါ်နေပါတယ်။

ဒေါ်လာ ၁ ဒသမ ၄ သန်းတန် Darth Vader မျက်နှာဖုံး ထွက်ရှိနေပြီးတော့ ၂၄ ကာရက်ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Star Wars ရုပ်ရှင်ကား ထွက်တာ နှစ်ပေါင်း ၄၀ အထိမ်းအမှတ်အဖြစ် အဆိုပါ ရွှေစင်မျက်နှာဖုံးကို ထုတ်လုပ်တာ ဖြစ်ပါတယ်။

ရွှေအတိပြီးတဲ့ မျက်နှာဖုံးဟာ ၁၀ လက်မခွဲ ကျယ်ပြီးတော့ ၁၁ လက်မခွဲကျော် အမြင့်ရှိပါတယ်။

၃၃ ပေါင်လေးတဲ့ အဆိုပါမျက်နှာဖုံးဟာ တကယ် ဝတ်ဆင်ဖို့တော့ မဟုတ်ပါဘူးလို့ ဂျပန် ဂင်ဇာတာနာကာဆိုင်ကြီးက ထုတ်ပြန်ထားပါတယ်။

Star Wars ဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရတွေ ထုတ်ဝေဖြန့်ချိခဲ့တဲ့ အထဲမှာတော့ အဲဒီမျက်နှာဖုံးကတော့ ဈေးအကြီးဆုံး ဖြစ်ဖွယ်ရှိပါတယ်။

ဒီဂျပန်ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း ဒစ္စနေဇာတ်ဆောင်တွေနဲ့ ခြယ်သထားတဲ့ ရွှေခရစ္စမတ် သစ်ပင်ကိုလည်း ထုတ်လုပ်ခဲ့ပြီး ဒေါ်လာ ၄ ဒသမ ၅ သန်းနဲ့ ရောင်းခဲ့ပါတယ်။

ယခုအသစ်ထွက်ရှိတဲ့အရုပ်ကို ရွှေပန်းထိမ်ဆရာ ၁၀ ဦးက ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ဈေးကွက်မန်နေဂျာ ဟီရိုဆူဂူဆူချီယာက ပြောပြပါတယ်။

F-02

  • TAGS