News

POST TYPE

ALSO IN NEWS

ဒိုင်ဗင်ပြိုင်ပွဲဝင်ရာ ရီယိုမြို့က အစိမ်းရောင် ရေကူးကန် အီးစော် နံသတဲ့
15-Aug-2016
အိုလံပစ် အားကစား ပြိုင်ပွဲကြီး ကျင်းပရာ ရီယိုဒီဂျနေရိုးက အနံ့ မကောင်းတဲ့ ဒိုင်ဗင်ပြိုင်ပွဲ ကျင်းပရာ ရေကန်စိမ်းကြီးကတော့ နာမည်ကျော်နေပါပြီ။ ခုလို ဖြစ်ရတာက ရေကန်ထဲမှာ ရေညှိတွေ ပွားများ ပေါက်ရောက်လာတာမို့ ရေက အစိမ်းရောင် ဖြစ်သွားတာပါ။ ဘာဖြစ်လို့ ခုလိုမျိုး အစိမ်းရောင်ကြီး ဖြစ်သွားရသလဲ ဆိုတာကိုတော့ အိုလံပစ် ပွဲတော် အရာရှိတွေ မသိခဲ့ကြပါဘူး။ ပိုလို ပြိုင်ပွဲ ကျင်းပရာ ရေကန်လည်း ပြီးခဲ့တဲ့ရက်က စိမ်းသွားပြီးတဲ့နောက်မှာတော့ အရာရှိတွေက ပြဿနာ အရင်းအမြစ်ကို သိရှိ သွားခဲ့ပါတယ်။ ရေတွေ ပုံမှန် အရောင် ပြန်ဖြစ်သွားဖို့ စီစဉ်နေပြီလို့လည်း ကြေညာထားပါတယ်။ ဒါပေမဲ့ နှစ်ရက်ကြာတာတောင် ရေတွေက ပုံမှန်အရောင် ပြန်မဖြစ်သွားသေးပါဘူး။

ရေသာ အစိမ်းရောင် ပြောင်းတာ မဟုတ်ဘဲ အနံ့အသက်ကလည်း မနှစ်မြို့စရာကြီး ဖြစ်လာပြီလို့ အားကစားသမားတွေက ဝိုင်းဝန်း ပြောဆိုကြတာမို့ အရာရှိတွေက ဒိုင်ဗင်ကန်ကို ပိတ်လိုက်ရပါပြီ။ ဂျာမနီ အားကစားသမား တစ်ယောက်က ဆိုရင် ဒါဟာ အီးစော်နံတယ်လို့ သြစတြေးလျ သတင်းထောက် တစ်ယောက်ကို ပြောကြားခဲ့ပါတယ်။ အိုလံပစ် ကစားသမား ဂျာမနီဒိုင်ဗင်သမား ပက်ထရစ် ဟက်စ်ဒင်းဟာ နှာခေါင်းပိတ် ထားတဲ့ပုံ Instagram မှာ တင်ပြီး ဟာသလုပ်ခဲ့ပါ သေးတယ်။ ရီယို၂ဝ၁၆ ရဲ့ ပြောခွင့်ရ အရာရှိ ဖိလစ်ဝီကင်ဆင်က ရေကန်အရေး ကိုင်တွယ်ဖို့ကို ထုတ်ပြန်ချက် တစ်ရပ် ထုတ်ခဲ့ပေမယ့် အနံ့နဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောမသွားခဲ့ပါဘူး။

Ref : UPI


  • VIA