News

POST TYPE

ALSO IN NEWS

ဖီဒယ်ကတ်စရို အသက် ကိုးဆယ်ပြည့် အထိမ်းအမှတ် မီတာ ကိုးဆယ် အရှည်ရှိ ဆေးပြင်းလိပ် ပြုလုပ် ဂုဏ်ပြု
15-Aug-2016

ကျူးဘားနိုင်ငံဟာ ကျူးဘား ဆေးပြင်းလိပ်ရယ်လို့ နာမည်ကြီး ပါတယ်။ တိုင်းပြည် ခေါင်းဆောင်ကြီးဖြစ်သူရဲ့ အသက် ကိုးဆယ်ပြည့် မွေးနေ့ကို တိုင်းပြည်ရဲ့ အမှတ်သညာ ကျူးဘား ဆေးပြင်းလိပ်နဲ့ ဂုဏ်ပြုမယ့် အစီအစဉ်ကို နိုင်ငံသား တချို့က လုပ်ဆောင် နေကြပါတယ်။ ဆေးပြင်းလိပ် ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ ကျူးဘား ဆေးပြင်းလိပ်သမား တစ်ဦးဟာ ကမ္ဘာ့ အရှည်ဆုံးလို့ မှတ်ယူရမယ့် ဆေးပြင်းလိပ်ကြီး ထုတ်လုပ်ပြီး ဂုဏ်ပြုမှာပါ။ အသက် ကိုးဆယ်ပြည့် ဖီဒယ်အတွက် ဂုဏ်ပြုခြင်း အဖြစ် မီတာ ကိုးဆယ်အရှည်ရှိ ဆေးပြင်းလိပ်ကြီး လိပ်မှာပဲ ဖြစ်ပါတယ်။

ဆေးပြင်းလိပ်ဆရာ ဟိုဆေးကတ်စ်တယ်လာကတော့ ခုတစ်ခေါက် သူလိပ်တာဟာ တိုင်းပြည် ဖခင်ကြီးအတွက် ရည်ရွယ်ပါတယ်လို့ ပြောထားပါတယ်။ မီတာ ကိုးဆယ် အရှည်ရှိတဲ့ ဒီဆေးပြင်းလိပ်ကြီး ရဖို့ ၁ဝ ရက် ကြာမြင့်ခဲ့ပြီး လူပေါင်း များစွာကလည်း ကူညီခဲ့ရပါတယ်။ အဆိုပါ ဆေးပြင်းလိပ်ကြီးကို ဟားဗနားဆိပ်ကမ်းက ရှေးဟောင်း ကိုလိုနီခေတ် ခံတပ်စားပွဲရှည်ကြီးတွေပေါ်မှာ တင်ပြီး ပြသထားမှာ ဖြစ်ပါတယ်။ ဆေးပြင်းလိပ်ရဲ့ လုံးပတ်ဟာ သာမန် ဆေးပြင်းလိပ်တွေရဲ့ လုံးပတ်လောက်ပဲဖြစ်ပြီး မစ္စတာကတ်စ်တယ်လာနဲ့ သူ့အဖွဲ့ဟာ ၁ဝ ရက်တိတိ တစ်ရက်ကို ၁၂ နာရီကြာ အလုပ် လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အရှည်ဆုံး ဖြစ်လောက်တဲ့ အဆိုပါ ဆေးပြင်းလိပ်ကြီးကို ဗြိတိန်သံရုံး အရာရှိ တစ်ယောက်က လာရောက် အတည်ပြု ကြည့်ရှုသွားခဲ့ပြီး ဂရင်းနစ်စံချိန်ကို ပို့ဖို့အတွက် ထိုသတင်းအချက်အလက် တွေကို ယူသွားပါတယ်။

Ref : UPI


  • VIA