News

POST TYPE

ALSO IN NEWS

နိုင်ငံကူးလက်မှတ် ပျောက်သွားလို့ ဇနီး မပါဘဲ ဟန်းနီးမွန်း ထွက်ရတဲ့ အမျိုးသား
14-Aug-2016
ဇနီးအသစ် စက်စက်လေးက နိုင်ငံကူးလက်မှတ် ဖျောက်လိုက်လို့ ပျားရည်ဆမ်း ခရီးကို တစ်ယောက်တည်း ထွက်ရတဲ့ အမျိုးသား တစ်ယောက်ရဲ့ ဖြစ်အင်ကို ကြည့်ပါဦး။ ဇနီးသည် ဓာတ်ပုံလေးကို စာရွက်မှာ ထုပ်ပြီး ဟန်းနီးမွန်းထွက်ရာ နေရာတွေမှာ အမှတ်တရ ဓာတ်ပုံ ရိုက်ရပါသတဲ့။

ဓာတ်ပုံဆရာ တစ်ယောက်အဖြစ် အသက်မွေးတဲ့ ဖိုင်ဇမ်ပတေးဆိုတဲ့ အိန္ဒိယသားတစ်ယောက်ဟာ ဇနီးသည် ဆာနာ မပါဘဲ ဂရိနဲ့ အီတလီကို သွားလည်ခဲ့ရပါတယ်။ ခရီးသွား ကုမ္ပဏီကလည်း ပိုက်ဆံ ပြန်မပေးဘူးလို့ ဆိုတာကြောင့် တစ်ယောက်တည်းသွားဖို့ သူတို့ စုံတွဲက ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ စုံတွဲကတော့ ပျော်ပျော်ပါပဲ။ ဇနီးရဲ့ခေါင်းပုံ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့တွဲပြီး ပုံတွေရိုက်၊ ပြီးတော့ လူမှုကွန်ရက်ပေါ် တင်ပါတယ်။

“ဒီခရီးစဉ် တစ်ခုလုံးကို သူစီစဉ်ခဲ့တာပါ။ သူမကို ကျွန်တော့်ဘေးမှာ အမြန် မြင်ချင်နေပါပြီ”လို့ မစ္စတာပတေးလ်က ပြောကြားခဲ့ပါတယ်။ 

ဒီသတင်းကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက တွေ့သွားပြီး ဇနီးဖြစ်သူကို ပတ်စ်ပို့အသစ် ထုတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဗီဇာက ပြန်လျှောက်ရသေးတာမို့ အီတလီ ခရီးစဉ်ကို တော့ သူမ လွဲချော်သွားပါပြီ။                          

Ref : UPI 


  • VIA