News

POST TYPE

ALSO IN NEWS

လုပ်ခလစာထဲတွင် Pokimon Go ဂိမ်းသုံး ကွိုင်များ ထည့်ပေးမည်ဟု ဒိန်းမတ်ကုမ္ပဏီ ဝန်ထမ်းများကို ကမ်းလှမ်း
12-Aug-2016
အလုပ်လျှောက်သူတွေ လာအောင်လို့ ဒိန်းမတ်ကုမ္ပဏီ တစ်ခုက မက်လုံးပေးရာမှာ ယခုခေတ်စားနေတဲ့ Pokimon Go ဂိမ်းကိုလည်း ထည့်ပေးခဲ့ပါတယ်။ လစာချေတဲ့အခါမှာ Pokimon Go ထဲမှာ သုံးလို့ရမယ့်ငွေလည်း ဝယ်ပြီး ထည့်ပေးမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ကိုပေဟေဂင်မြို့ အနီးမှာ အခြေစိုက်တဲ့ IT ကုမ္ပဏီ Prosys ဟာ အရောင်းဝန်ထမ်းတွေ ခေါ်ရာမှာ ခုလို ထည့်ကြော်ငြာထားတာ ဖြစ်ပါတယ်။ လစာကို ဒိန်းမတ်ငွေ ကရိုနာ နှစ်သောင်းခွဲ ပေးမယ်လို့ ကမ်းလှမ်းထားပြီးတော့ PokeCoins နဲ့ လိုချင်ရင်လည်း ရတယ်လို့ ဆိုထားပါတယ်။ ဒီကွိုင်တွေ ရှိမယ်ဆိုရင် ကစားသမားတွေဟာ ဂိမ်းထဲမှာ လိုအပ်တာတွေကို ဝယ်နိုင်မှာဖြစ်ပြီး Pokeballs တွေလည်း ထပ်ရနိုင်ပါသတဲ့။ အလုပ်ဝင်မယ့်သူဟာ Pokimon ကစားသူ မဟုတ်ဘူး ဆိုရင်လည်း သာမန်ငွေနဲ့ လစာပေးပါ့မယ်လို့ ကုမ္ပဏီက ဆိုထားပါသေးတယ်။ လတ်တလော နိုင်ငံအတော်များများမှာ Pokimon လိုက်ဖမ်းတဲ့ ဂိမ်းကစားတာ နာမည်ကြီး ခေတ်စားနေပါတယ်။ စမတ်ဖုန်း ဂျီပီအက်စ်တို့နဲ့တွဲပြီး ကစားရတဲ့ ဒီကစားနည်းဟာ လူကြိုက်များလှပြီး တခြားဂိမ်းတွေလို ထိုင်နေရတာ မဟုတ်ဘဲ အပြင်ထွက် အကောင်လိုက်ဖမ်းရတာမို့ တစ်မျိုးတော့ ဆန်းပါတယ်။  

Ref: UPI