POST TYPE

ALSO IN NEWS

ရှားပါး ဆူပါမင်း ကာတွန်းစာအုပ် ဒေါ်လာ တစ်သန်းဖြင့် ရောင်းထွက်
07-Aug-2016

ဆူပါမင်းဆိုတာက ဒီခေတ်မှာ မဆန်းတော့ပါဘူး။ ကာတွန်း စာအုပ်ဆိုင်တိုင်းမှာ ဝယ်လို့ ရပါတယ်။ ဒါပေမဲ့ ဆူပါမင်း ဆိုတာကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ပထမဆုံး စာအုပ်က ဘယ်တုံးကလဲ၊ ဘယ်တွေ ရောက်နေသလဲ ဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး။ ခု ဒီစာအုပ် ထွက်ပေါ်လာပြီမို့ လေလံပွဲ တစ်ခုမှာ ရောင်းလိုက်တာ ဒေါ်လာ တစ်သန်းတောင် ရပါသတဲ့။

အမေရိကန် ပြည်ထောင်စု ဒါးလက်စ်မြို့မှာ လုပ်ခဲ့တဲ့ ဒီလေလံပွဲမှာ အတိအကျ ဆိုရရင် ဒေါ်လာ ကိုးသိန်း ငါးသောင်းခြောက်ထောင်တောင် ရရှိခဲ့တာ ဖြစ်ပါတယ်။

မူလက ဒေါ်လာ ခုနစ်သိန်းခွဲ ရရင် တော်ပြီလို့ မှန်းထားပေမယ့် ထင်ထားတာထက် လူ ပိုကြိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ကာတွန်း စာအုပ်ဟာ ၁၉၃၈ ခုနှစ်မှာ စတင် ထုတ်ခဲ့ပြီး တစ်အုပ်ကို ဝ ဒသမ ၁ ဒေါ်လာသာ ပေးခဲ့ရတာပါ။ ဒီစာအုပ်မျိုး အုပ်တစ်ရာလောက်ပဲ ရှိတယ်လို့ မှန်းကြပြီး ဘယ်တွေ ရောက်ကုန်မှန်းလည်း မသိရပါဘူး။

ပြန်လည် ရောင်းချသွားတဲ့သူဟာ ၁၉၉၈ ခုနှစ်တုန်းက ဒေါ်လာ ၂၆ဝဝဝ နဲ့ ရောင်းခဲ့တာ ဖြစ်ပါတယ်။

Ref : The Guardian

  • VIA