News

POST TYPE

ALSO IN NEWS

လမ်းလျှောက်တုတ်ထဲ ဓားရှည်ယူလာတဲ့ အသက် ၈၀ အဘွား လေဆိပ်လုံခြုံရေးဖမ်း
16-Feb-2017 tagged as

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနား ပြည်နယ်က အဘွားတစ်ဦး လေဆိပ်လုံခြုံရေးကို ဖြတ်ရာမှာ ဓားရှည်တစ်လက်ကို တောင်ဝှေးထဲ ထည့်ယူလာတာကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။

အသက် ၈၀ အဘွားဟာ သူမရဲ့ လမ်းလျှောက်တုတ်ထဲမှာ ဓားရှည်တစ်လက် ပါလာတာကို သိရှိပုံ မရပါဘူးလို့ တောင်ကယ်ရိုလိုင်းနား အာဏာပိုင်တွေက ယူဆကြပါတယ်။

မိုင်ယာတယ်ဘိခ်ျ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တွေက အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ယူလာတတ်ကြတယ်လို့ လုံခြုံရေး အာဏာပိုင်အဖွဲ့ ပြောခွင့်ရအရာရှိ မာ့ခ်ဟောင်းဝဲလ်က ပြောပြပါတယ်။

“သူမဟာ ဓားပါလာတယ် ဆိုတာတောင် မသိပါဘူး”လို့ ဟောင်းဝဲလ်က ဒေသမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

လမ်းလျှောက်တုတ်ထဲမှာ ဓားတွေ တွေ့တာတော့ မထူးဆန်းတဲ့ကိစ္စပါပဲလို့ ဟောင်းဝဲလ်က ပြောပြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့လမ်းလျှောက်တုတ်တွေက တစ်ပတ်နွမ်းဆိုင်တွေကနေ ဝယ်ထားတာဖြစ်ပြီးတော့ ဓားပါတာကိုတောင် မသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်။

“တစ်ပတ်ရစ်ဆိုင်က ဝယ်လာကြတာတွေဟာ ကျွန်တော်တို့ X-ray ရိုက်ကြည့်လိုက်တော့မှ သူတို့လည်း ဓားပါမှန်း သိကြတာပါ”လို့ ဟောင်းဝဲလ် က ပြောပြပါတယ်။

အရုပ်လက်နက်၊ လက်ပစ်ဗုံးပုံစံ ပြုလုပ်ထားတဲ့ ဘောလုံးတွေ အပါအဝင် လက်နက်လို့ ယူဆနိုင်တာတွေကို လေယာဉ်ပေါ် ပေးမတင်ပါဘူးလို့ ဟောင်းဝဲလ်က သတိပေး ပြောကြားသွားပါတယ်။ 

F-02

  • TAGS