News

POST TYPE

ALSO IN NEWS

အနှစ် ၅၀ ကျော် အိန္ဒိယမှာ ပိတ်မိနေတဲ့ တရုတ်စစ်သားကြီးရဲ့ အိမ်အပြန်ခရီး
15-Feb-2017


တရုတ်အမျိုးသားကြီးတစ်ဦးဟာ လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက အိန္ဒိယမှာ ပိတ်မိနေခဲ့ပြီး ခုမှ သူ့ရဲ့ တရုတ်မိသားစုနဲ့ ပြန်လည် ဆုံဆည်းခွင့် ရသွားတာ ဖြစ်ပါသတဲ့။

ဝမ်ကျိဆိုသူ အမျိုးသားဟာ စစ်တပ်က နယ်မြေတိုင်းတာသူ တစ်ဦးဖြစ်ပြီး ၁၉၆၃ ခုနှစ်မှာ အိန္ဒိယနယ်မြေထဲကို မတော်တဆ ရောက်ရှိသွားခဲ့ပါတယ်။ အိန္ဒိယကနေ ပြန်လည် ထွက်ခွာဖို့အတွက် လိုအပ်တဲ့ အချက်အလက် စာရွက်စာတမ်းတွေ မရှိတာမို့ အိန္ဒိယမှာပဲ အကြာကြီး သောင်တင်နေခဲ့ရပါတယ်။ သူ့အကြောင်းကို တရုတ်သံတမန်တွေက သိသွားခဲ့ပြီး သူ့ကို အိမ်ပြန်ခေါ်ဖို့အတွက် ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

ခုတော့ သူ့လေယာဉ်လည်း ဘေဂျင်းကို ဆိုက်သွားခဲ့ပြီဖြစ်လို့ တရုတ်က သူ့မိသားစုတွေနဲ့ ပြန်လည် တွေ့ဆုံရပါပြီတဲ့။ သူ့ရဲ့ဇာတိမြို့ ရှင်းယန်ကို ပြန်ခဲ့ပြီး လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။

“နေရပ်မှ ကြိုဆိုပါတယ် အမောင်စစ်သား။ တော်တော်ကြမ်းတမ်းခဲ့တဲ့ ခရီးပဲ”လို့ ပြည်သူတွေက စာတန်းတွေ ရေးသားကြိုဆိုခဲ့ကြပါတယ်။

မစ္စတာဝမ်ဟာ အိန္ဒိယမှာ အိမ်ထောင်ကျခဲ့ပြီး အရွယ်ရောက်နေတဲ့ သားသမီးတွေနဲ့အတူ တရုတ်ကို ပြန်လာခဲ့တာပါ။ သူ့ရဲ့ အိမ်ထောင်ဘက် အိန္ဒိယသူကတော့ နေမကောင်းတာမို့ သူနဲ့အတူ ပါမလာနိုင်ခဲ့ပါဘူး။

F-02

  • VIA